Grand Royal Group သည် မြန်မာကုမ္ပဏီအနေဖြင့် အကောင်းဆုံး အလုပ်ခွင်အဖြစ် နိုင်ငံတကာအဖွဲ့အစည်းမှ အသိအမှတ်ပြုခံရခြင်း

Grand Royal Group အနေဖြင့် ၂၀၁၉- ၂၀၂၀ ခုနှစ်၏ အကောင်းဆုံးအလုပ်ခွင်အဖြစ် အမေရိကန် အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော The Great Place to Work Institute မှ အကောင်းဆုံးလုပ်ငန်းခွင် “A Great Workplace” အဖြစ် အသိအမှတ်ပြု လက်မှတ်ကို ရရှိခဲ့တာဖြစ်ပါသည်။ ၎င်းအသိအမှတ်ပြုလက်မှတ်ကို လုပ်ငန်းခွင်အတွင်း၌ ရှိသော ဝန်ထမ်းများ သို့ ကောက်ခံသည့် စစ်တမ်းကောက်လွှာအရ ၇၀% နှင့်အထက် အကောင်းဆုံး အဖွဲ့အစည်းမှာ လုပ်ကိုင်ရခြင်းအတွက် ဂုဏ်ယူခြင်းခံယူချက် နှင့် ကုမ္ပဏီ၏ ယဉ်ကျေးမှု၊ သဘောတရားခံယူချက်၊ တို့အရကိုက်ညီမှုရှိမရှိတို့အပေါ်မူတည်၍ အကဲဖြတ်သော အသိအမှတ်ပြု လက်မှတ်ဖြစ်ပါသည်။ ထိုစစ်တမ်းကောက်ခံမှုများအရ Grand Royal Group သည် ၉၅% သော ဝန်ထမ်းများမှ လုပ်ငန်းခွင်အတွင်း လုံခြုံမှု၊ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုနှင့် စိတ်ဓာတ်အင်အားပြင်းပြမှုတို့ ဖြစ်ပေါ်စေပြီး ထိုလုပ်ငန်းခွင်၏ အစိတ်အပိုင်းဖြစ်ရခြင်းအတွက် ဂုဏ်ယူကြောင်းတို့ကြောင့် အသိအမှတ်ပြု လက်မှတ်ကို လက်ခံရရှိခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ Grand Royal Group သည် ဝန်ထမ်းပေါင်း ၂၅၀၀ ကျော်နှင့် ၎င်းတို့ ဆက်နွယ်နေသူများကို အကျိုးပြုလျှက်ရှိသော ဖျော်ယမကာထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ Grand Royal Group အနေဖြင့် စားသုံးသူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အတွက် ထုတ်ကုန်ပစ္စည်းတစ်ခုအဖြစ် ဖြစ်လာစေရုံ သာမက ရေရှည်တည်တံ့စေရန်အတွက် တာဝန်ကျေပွန် သောလုပ်ငန်းတစ်ခု ဖြစ်စေရန်အစဉ် အမြဲကြိုးစား ဆောင်ရွက်သွားဖို့ ရည်ရွယ် ထားပါသည်။ Grand Royal Group အနေဖြင့် ဝန်ထမ်းများ၏ အရည်အသွေးများ ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် အစဉ်အမြဲရင်းနှီးမြှုပ်နှံလျှက်ရှိပြီး ၂၀၁၈- ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာနှင့် ပြည်တွင်းသင်တန်းကျောင်းများနှင့် ပူးပေါင်းကာ ဝန်ထမ်းများအတွက် သင်တန်းများကို ပို့ချပေးခဲ့ရာ သင်တန်းပေါင်း ၉၂ နှင့် ဝန်ထမ်းပေါင်း ၁,၈၉၆ ဦးကို သင်တန်းများပို့ချ ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့အပြင် ဝန်ထမ်းများ အလုပ်လုပ်ရာတွင်လည်း ကျန်းမာပျော်ရွှင်သော လုပ်ငန်းခွင်တစ်ခုဖြစ်စေရန် ကျန်းမာရေးအာမခံများထားရှိခြင်းနှင့် အခါအားသင့်သလို Yoga Class, Running class နှင့် ပျော်ပွဲရွှင်ပွဲများကိုလည်းပြုလုပ်ပေးလျှက်ရှိ ပါသည်။

“ကျွန်မအနေနဲ့ Grand Royal Group မှာအလုပ်လုပ်လာတာ ၁၅နှစ် ရှိပါပြီ။ ဒီ ၁၅နှစ် သက်တမ်းတစ်လျှောက်မှာ အောက်ခြေ Coordinator အဆင့်ကနေ အခုလို Management အဆင့် အထိရောက်အောင် မြေတောင်မြှောက်ပေးတဲ့ Grand Royal Group ကို ကျေးဇူးတင်ပါ တယ်။ ဒီကုမ္ပဏီမှာ ကျွန်မလိုမျိုး ၁၀နှစ်၊ ၁၅နှစ်၊ အနှစ် ၂၀ သက်တမ်းရှိတဲ့ ဝန်ထမ်းတွေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အားလုံးရဲ့ခံယူချက်က ကျွန်မတို့ ဘဝတွေကို မြှင့်တင်ပေးတဲ့အဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့အခါမှာ ပြင်းပြတဲ့ စိတ်ဓာတ်တွေကြောင့်ပဲလို့ ယုံကြည်ပါတယ်” ဟု မမိုးမိုး Planning Manager မှ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်ကတော့ Grand Royal Group မှာ ယာဉ်မောင်းအနေနဲ့ လုပ်နေတာ ၅နှစ်ရှိပါပြီ။ ကျွန်တော်တို့ယာဉ်မောင်းတွေအတွက် သင့်တင့်တဲ့ လစာ၊ ဆုကြေးတွေအပြင် အခြားသော အဖွဲ့အစည်းကပေးတဲ့ အကျိုးခံစားခွင့်တွေနဲ့ activities တွေမှာပါ ပါဝင်ခွင့်ရပါတယ်။ ကျွန်တော်တို့ယာဉ်မောင်းတွေအတွက် ဘေးကင်းလုံခြုံရေးတွေအပြင် အင်္ဂလိပ်စာသင်တန်းနဲ့ အခြားသော သိရှိသင့်တဲ့ လူနေမှုအဆင့်အတန်းတွေကိုပါ သင်ကြားပေးတဲ့အတွက် ဒီမှာ ယာဉ်မောင်းတစ်ဦး ဖြစ်ရတာ ဝန်ထမ်းအကျိုးအမြတ်တွေကိုပါ တန်းတူခံစားခွင့်ရတယ်လို့ ထင်ပါ တယ်” ဟု Grand Royal Group မှ ယာဉ်မောင်း ကိုထက်လင်းဦးကပြောပါတယ်။
ကျွန်တော်တို့ GRG အနေနဲ့ Human Capital Investment တွေကို အထူး အလေးပေး ေဆောင်ရွက်ခြင်းတွေဟာ အဖွဲ့အစည်းအတွက် ရေရှည်တည်တံ့တဲ့ အဓိက သော့ချက်ဖြစ်သည်ကို အပြည့်အဝယုံကြည်လက်ခံပြီး ကျင့်သုံးလျှက်ရှိပါသည်။ ကျွန်တော်တို့ Grand Royal Group သည် ၂၀၁၇ ခုနှစ်တွင် World HRD Congress မှ ချီးမြှင့်သည့် “Best Employer Award 2017 နှင့် Dream Employer Award 2017” တို့ကိုရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက်လည်း “Dream Employer Award 2019” ကို ထပ်မံရရှိခဲ့ပါသည်။ ထို့အပြင် ၂၀၁၉- ၂၀၂၀ ခုနှစ်နှစ်အတွက် “The Great Place To Work” မှ အသိအမှတ်ပြုသည့် “A Great Workplace” Certificate ကိုလည်း ထပ်မံရရှိခဲ့ပါသည်။ ကျွန်တော်တို့ Grand Royal Group အနေဖြင့် စားသုံးသူများ၊ ဝန်ထမ်းများနှင့် ပြည်သူလူထုအား ဂရုတစိုက် နှင့်အလေးထားလျှက်ရှိ ပြီး လေးစားတန်ဖိုးထားရသော ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းဖြစ်ရခြင်းအတွက် အစဉ်အမြဲ ဂုဏ်ယူလျှက်ရှိပါသည်။

Grand Royal Group, the First Myanmar Company to be Recognized as A Great Workplace by International Accreditation Body

The Great Place to Work Institute (an American based organization) has certified the Grand Royal Group (GRG) as a “A Great Workplace”. GRG is the first local Myanmar Company to be given this title. This prestigious title is conferred after a rigorous selection process. One of the main criteria is based on an employee satisfaction Survey where more than 70% of the employees must feel that the organization is a great place to work. A corporate culture survey is also conducted. In GRG’s case more that 95% of our employees responded positively and supported GRG’s commitment to the employees by make the work environment a safe, happy, satisfactory place to work where their passion and pride are recognized by organization.
GRG is an organization which manufactures beverages and we believe in giving support to our employees more than 2500 and related stakeholders. Grand Royal Group always aims to be the most admired consumer product company in Myanmar, by focusing on innovation to meet consumer needs, whilst being a responsible managed company that constantly strives for long- term economic and environment sustainability. Moreover, GRG always invest in the employee development programs to promote their abilities and development. For 2018- 2019, we collaborated with international and local institutes to provide the trainings for our employees and provided 92 training programs that covered over 1,896 people. GRG always intend to create a healthy and happy working life for their employees through health insurances and employee engagement programs such as Yoga class, Running class and entertainments parties.
Ma Moe Moe, Planning Manager of Grand Royal Group said “I have been working here for 15 years and I started with basic coordinator level and was promoted to management level. I am thankful to GRG for given me a lot of opportunities to upgrade in my career. There are a lot of employees like me who working here 10 years, 15 years and 20 years. The reason why people working here for so many years is the believe in our workplace that promote our lives and we are passionate while we are working with this organization.”

Ko Htet Lin Oo, Driver of GRG said “I’ve been working here for 5 years already. I believe that we’ve got a fair salary, system bonus, other benefits and activities like other office staffs. Moreover, GRG give many trainings opportunities to our drivers such as safety training, English classes and personal contact training. I feel that I have a lot of opportunities and fair benefits whether it is office staff or driver.”
GRG strongly believes that Human Capital Investment is a key pillar which should be given support for our sustainability development. GRG has also been hornoured with “Best Employer Award 2017 and Dream Employer Award 2017” by World HRD Congress for 2017. In addition, GRG was hornored again for “Dream Employer Award 2019” by World HRD Congress 2019 and certified for “A Great Workplace” by “The Great Place to Work Institute”. In essence, GRG take always pride in being a reputable and creditable organization that cares for our consumers, employees and the people of our country in Myanmar.

Grand Royal Group, the First Myanmar Company to be Recognized as A Great Workplace by International Accreditation Body Myanmar Version

Myanmar Distillery Co., Ltd အမည်အား Grand Royal Group International Co., Ltd အဖြစ်ပြောင်းလဲခြင်း

Myanmar Distillery Co., Ltd အမည်ဖြင့် မြန်မာနိုင်ငံ ယမကာဈေးကွက်အတွင်း ဈေးကွက် ဦးဆောင်နေသော ယမကာထုတ်လုပ်သည့် လုပ်ငန်းအနေဖြင့် Grand Royal Group International Co., Ltd အမည်သို့ တရားဝင်ပြောင်းလဲသတ်မှတ်လိုက်ပြီး ယခုအချိန်မှ စတင် အကျိုးသက်ရောက်သွား မည်ဖြစ်ပါသည်။ “ ထိုကဲ့သို့ ကျွန်တော်တို့ရဲ့ အမည်ပြောင်းလဲ သတ်မှတ်ခြင်း မဟာဗျူဟာသည် Corporate Identity ကို ပိုမိုအားကောင်းလာစေရန်နှင့် ကျွန်တော်တို့နှင့် ဆက်နွယ်နေသူများအား ဘုံနာမည်တစ်ခုအောက်တွင်သာ ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ဖို့ရန် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အပြောင်းအလဲသည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ပြည်သူ့ အကျိုးပြုဝန်ဆောင်မှု အပေါ်ထားရှိသော ကတိကဝတ်များသည် ကျွန်ပ်တို့အတွက် ပိုမိုအား ကောင်းလိမ့်မယ်လို့ ယုံကြည်ထား ပါတယ်” ဟု Grand Royal Group International Co., Ltd ၏ CEO Mr. Sanjay Gupta မှ ပြောကြားပါသည်။ ဒါ့ပြင် ကျွန်တော်တို့ ကုမ္ပဏီ၏ပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုများ၊ Shareholder များနှင့် ဝန်ထမ်းများသည် ပြောင်းလဲသွားမည် မဟုတ်ပါ။
Grand Royal သည် မြန်မာနိုင်ငံ ယမကာနယ်ပယ်တွင် သက်တမ်းအားဖြင့် ၁၉၉၅ ခုနှစ်မှ စတင်ခဲ့ပြီး ဆယ်စုနှစ် ၂ စု ကျော်ကြာ သက်တမ်းရှိသူ လည်းဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် စားသုံးသူများ၊ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံလူထု အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သရေရှိပြီး၊ ယုံကြည်စိတ်ချရသော အဖွဲ့အစည်းဖြစ်ရခြင်းအတွက်လည်း အထူးပင်ဝမ်းသာ ဂုဏ်ယူမိပါသည်။

ကျွန်တော်တို့အနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် နေ့မှစပြီး ကျွန်တော်တို့၏ အောင်မြင်မှု မှတ်တိုင်များကို နှစ်စဉ်စိုက်ထူလာနိုင်ခဲ့ပြီး စားသုံးသူများအတွက် နိုင်ငံတကာအဆင့်မှီ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ထုတ်လုပ်လျှက်ရှိပါသည်။ ကျွန်တော်တို့ ၏ GRG မှ ထုတ်လုပ်သော Whisky products များဖြစ်သည့် Grand Royal Black, Grand Royal Special Reserve, Grand Royal Signature နှင့် Grand Royal Smooth တို့သည်လည်း နိုင်ငံတကာမှ ချီးမြှင့်ထားသော ဆုတံဆိပ်ပေါင်း ၇၀ ကျော်ကို လက်ဝယ်ပိုင်ဆိုင် ထားသည့် ကုန်ပစ္စည်းများဖြစ်ပါသည်။
ကျွန်တော်တို့၏အမည်ပြောင်းလဲသတ်မှတ်ခြင်းနဲ့ logo ပြောင်းလဲခြင်းက ကျွန်တော်တို့ရဲ့ ပြောင်းလဲ တိုးတက်နေတဲ့ မဟာဗျူ ဟာတွေထဲကတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန် အမှတ်တံဆိပ်ဖြစ်တဲ့ Grand Royal ကို ပိုမိုယုံကြည် ချစ်မြတ်နိုးလာစေရန်ဖြစ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့၏ Grand Royal Whisky ကို နိုင်ငံတကာ မှ ယမကာနှင့်ပတ်သက်သည့် Research အဖွဲ့အစည်းဖြစ်သော International Wine and Spirit Research မှ ထုတ်ပြန်သည့် ကမ္ဘာ့အင်အားအကြီးမားဆုံး ယမကာအမှတ်တံဆိပ် ၁၀၀ တွင် အဆင့် ၄၁ အဖြစ်သတ်မှတ် ခြင်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ် အတွက် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး ယမကာထုတ်ကုန် အမျိုး ၁၀၀ တွင် အဆင့် ၃၈ အဖြစ်သတ်မှတ်ခံခဲ့ရသည်။ ယခုကဲ့သို့ ပြောင်းလဲခြင်းသည် ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံအတွင်းမွေးဖွားပြီး နိုင်ငံတကာမှ ယုံကြည်လေးစားရပြီးဖြစ်တဲ့ Grand Royal Whisky Brand နဲ့ ကျွန်တော်တို့ရဲ့ Grand Royal Group Corporate ကုမ္ပဏီ၏ Image တို့သည် အချင်းချင်း အပြန်အလှန် အားဖြည့်ပံ့ပိုးရင်း ပိုမို အောင်းကောင်းသော အဖွဲ့အစည်းဖြစ်လာမှာဖြစ်ပါသည်။
ဒီပြောင်းလဲမှုက ကျွန်တော်တို့ရဲ့ လူမှုရေး အပြင် စီးပွားရေး အကူအညီတွေနဲ့ အခွင့်အလမ်း ဝေးလံခေါင်ဖျားသော မြန်မာနိုင်ငံဒေသအနှံအပြားမှာရှိတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသား တွေအတွက် လူမှုတာဝန်ကျေပွန်မှုတွေကို တိုးမြှင့်လုပ်ကိုင်ရေးတွေ အတွက်လည်းအကျိုး သက်ရောက်မှုများ စွာရှိနေလာမှာဖြစ်ပါသည်။ လက်ရှိတွင်လည်း ကျွန်တော်တို့ CSR လုပ်ငန်းတွေနဲ့ ကျွန်တော်တို့ပြည်သူသိန်း ပေါင်းများစွာကို အကျိုးသက်ရောက်မှု ရှိစေခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ရေရှည်တည်တံ့တဲ့ ထောက်ပံ့မှုတွေကိုလည်း ဖန်တီးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

ကျွန်တော်တို့အနေဖြင့် ကျွန်တော်တို့၏ ခံယူချက်သည်လည်း ပြောင်းလဲမှုမရှိဘဲ တီထွင်ဆန်းသစ် သော ဖန်တီးမှုများနှင့် စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး သော အဖျော်ယမကာကုမ္ပဏီဖြစ်ရန် သာမက ရေရှည်တည်တံ့ ရပ်တည်နိုင်ပြီး တာဝန်ကျေပွန်သော လုပ်ငန်းဖြစ်ရန်အစဉ်အမြဲ ဆက်လက်ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါ သည်။
ထို့အပြင် တာဝန်ကျေပွန်သော လုပ်ငန်းကောင်းတစ်ခုဖြစ်စေရန်အတွက် နိုင်ငံတကာမှ ပြဌာန်းထားသော Sustainability Goals များကိုလည်း အဖွဲ့အစည်းအတွင်း အရှိန်အဟုန်မြှင့်တင်၍ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ လက်ရှိတွင်လည်း ကျန်းမာပြီးလုံခြုံစိတ်ချရသော လုပ်ငန်းခွင် အဖြစ် Great Place To Work Institute မှ ပေးအပ်သော ဆုကိုရရှိထားသည့်အပြင် Whistleblowing Policy နှင့် Anti Sexual Harassment Policy တွေကို လည်းထုတ်ပြန်ထား ပါသည်။ ပတ်ဝန်းကျင်ထိခိုက်မှုလျော့ချရေးနှင့် ဆက်နွယ်နေသူများ အတွက်လည်း နှစ်စဉ် Recycle ပုလင်းပေါင်း သန်း ၁၂၀ ကို ပြန်လည်အသုံးပြုခြင်း၊ ရေဆိုးသန့်စင်ခြင်း လုပ်ငန်းများနှင့် CSR လှုပ်ရှားမှုများကိုလည်း အရှိန်အဟုန်မြှင့်တင်လုပ်ဆောင်လျှက်ရှိ ပါသည်။

Myanmar Distillery Co.,Ltd Name Change to Grand Royal Group International Co.,Ltd English Version

Myanmar Distillery Co.,Ltd Name Change to Grand Royal Group International Co.,Ltd

Myanmar Distillery Co., Ltd, a leader in the Myanmar whisky market announced that the company will begin operating under a new name will be officially known as “Grand Royal Group International Co., Ltd”. “The renaming strategy is aimed at strengthening our Corporate identity and to ensure that our stakeholders are served better under one common name” said Mr. Sanjay Gupta, CEO of Grand Royal Group International Co., Ltd. “We also believe that the change will enable us to leverage on our commitments towards environmental sustainability and public service commitment.” The organization ownership, investments, shareholders and staff arrangements remain status quo.
Grand Royal has been in the market for over 2 decades since 1995. We take pride in being a responsible and creditable organization that cares for our consumers, employees and the people of our country Myanmar. We have been focusing on our customers since our founding and maintaining our strict standards by producing the best high-quality products for our consumers. Our products, Grand Royal Black, Grand Royal Special Reserve, Signature and Smooth are honoured by more than 70 international awards.
The name changes and new logo are part of our evolving strategy to strengthen our corporate identity and to ensure that there is closer linkage of our Corporate identity with a much loved and trusted brand – Grand Royal. The Grand Royal Whisky is ranked as the 41th largest whisky brand in the International Wine and Spirit Research (IWSR) real 100 in 2017 and listed as 38th among the top 100 fastest – growing spirits brands for the first half of 2019 in the IWSR drink market analysis. This change therefore will strengthen and reinforce the GRG Corporate Image and the strong Grand Royal Brand which is born in Myanmar, trusted and respected by the world.

This will also be reflected in our increased Corporate Social Responsibility programmes, which target both social and economic help to disadvantaged Myanmar people in the more remote regions of the country. The CSR initiatives that we have provided has helped thousands and we intend to make sure our programmes remain effective, environmentally friendly and sustainable over a long period of time to help the people of Myanmar.
Our mission will not change, and we aim to become one of the most admired consumer products companies in Myanmar, by focusing on innovation to meet consumer needs, whilst being a socially responsible and good governance company that constantly striving for long-term sustainability. Moreover, we will also work on our international sustainability goals in order to be a responsible business. Currently, we were just certified as “A Great Place to Work” by Great Place to Work Institute. We have just released the Whistleblowing Policy and Anti Sexual Harassment Policy which are designed for a safe and enjoyable working environment. Every year, our waste water treatment plant and 120 million recycle bottles are reused to reduce our environmental footprint and accelerate our CSR activities.

Myanmar Distillery Co.,Ltd Name Change to Grand Royal Group International Co.,Ltd Myanmar Version

World HRD Congress recognizes Grand Royal Group as Dream Employer of the Year in 2019

Grand Royal Group သည် ယမကာထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် ၁၉၉၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင် (၂၀) ကျော်ရှိပြီး ဖြစ်ပါသည်။ ကျွန်တော်တို့ အနေဖြင့် ဂုဏ်သရေရှိပြီး ယုံကြည်ဖွယ်ကောင်း သော အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံ ပြည်သူလူထု၊ စားသုံးသူများနှင့် ကျွန်တော်တို့၏အလုပ်သမားများအတွက် တည်ရှိနေသည်ကို ဂုဏ်ယူဝမ်းမြောက်မိ ပါသည်။ ကျွန်တော်တို့၏ ဖောက်သည်များ ၊ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ပြည်သူလူထုများသည် ကျွန်တော်တို့၏ ပထမဦးစားပေးအဆင့်တွင် အမြဲတမ်းပါဝင်လျှက်ရှိပြီး ကျွန်တော်တို့၏ အသက် သွေးကြောအဖြစ် အမြဲတန်ဖိုးထားလျှက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ၊ ၁၅ ရက်နေ့ စင်ကာပူနိုင်ငံရှိ Pan Pacific Hotel တွင် World HRD Congress မှ ကြီးမှူးကျင်းပသော လုပ်ငန်းရှင်၊ပညာရှင်ထူးချွန်ဆုပေးအပ်ချီးမြှင့်သည့် အခမ်းအနားတွင် “Dream Employer Of The Year 2019” ဆုကို ကျွန်တော်တို့ Grand Royal Group မှ ဆွတ်ခူးရရှိခဲ့ပါသည်။

ဆုရရှိသောခဲ့သော ကုမ္ပဏီများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းအားကောင်းခြင်း၊ အလုပ်နှင့် လက်တွေ့ဘဝညီမျှသော ပေါ်လစီများကို ကျင့်သုံးခြင်း၊ တရားမျှတမှုရှိသော ဆုပေးခြင်းနှင့် အသိ အမှတ်ပြုခြင်းများ စသည့် အရည်အသွေးပြည့်မီသော လူ့စွမ်းအာအရင်းမြစ်ဆိုင်ရာ အချက်များ ကို အဓိကအခြေခံပြီး ရွေးချယ်ပေးအပ်ခြင်းဖြစ်ပါသည်။

Grand Royal Group သည် စီးပွားရေးလုပ်ငန်း၏ လူ့စွမ်းအားအရင်းအမြစ်ရှုထောင့်အပေါ်တွင် တက်ကြွလိုလားစွာ လှုပ်ရှားပါဝင်ခြင်းကို ဦးစားပေး ရှေ့တန်းတင်လျှက်ရှိပြီး၊ ၎င်းအချက်ကြောင့် ဤဆုကို လက်ခံရရှိခြင်းဖြစ်ပါသည်။

Grand Royal Group သည် ယဉ်ကျေးမှုပေါင်းစုံ ၊ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး ကျွန်တော်တို့ ဝန်ထမ်းများအနေဖြင့် တိုးတက် အောင်မြင်မှု အလားလာ အပြည့်အဝရှိသော အခွင့်အရေးများရရှိကြ ပါသည်။ ထိုကဲ့သို့ ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းတစ်ခု တည်ဆောက်ရန် အကောင်းဆုံး လုပ်ငန်းခွင်

တစ်ခုဖြစ်ခြင်းကြောင့် World HRD Congress မှ ဤ ဂုဏ်ပြုဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

World HRD Congress recognizes Grand Royal Group as Dream Employer of the Year as well as Best Employer in 2019 English Version

World HRD Congress recognizes Grand Royal Group as Dream Employer of the Year in 2019

The Grand Royal Group has been in the Whisky Business for over 2 decades since 1995. We take pride in being a reputable and credible organization that cares for our customers, workers and the people of Myanmar. We believe that our customers, staff and the people of our country are our life-blood and that they are our priority as far as our business protocol are concerned.

Grand Royal Group received “The Dream Employer Of The Year 2019” award from the World HRD Congress on 15th August 2019 at Pan Pacific Hotel, Singapore. The awardees were selected based on the quality of Human Resource practices mainly in the areas of: a) Phenomenal development and growth opportunity b) Policies practicing work – life balance and c) Fair reward and recognition practices

Grand Royal Group has been at the forefront in terms of working pro-actively on the Human Capital aspect of the business and the award is a recognition of the same.

Grand Royal Group’s inclusive culture ensures that every one of our people has the opportunity to succeed and achieve their full potential, and we’re honored to be recognized by the World HRD Congress to work and build a career. We believe we are the best firm when we utilize the collective talents, perspectives and insights of all our people as we work together and provide customer delight to all our stakeholders.

World HRD Congress recognizes Grand Royal Group as Dream Employer of the Year as well as Best Employer in 2019 Myanmar Version

မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအား Grand Royal Group မှ အစားအသောက်နှင့် ထောက်ပံ့ပစ္စည်းများသွားရောက်လှူဒါန်းခြင်း

Grand Royal Group ကို ယမကာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် ၁၉၉၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၂၀ကျော်ရှိပြီဖြစ်ပါသည်။ ကျွန်တော်တို့ အနေဖြင့် ဂုဏ်သရေရှိပြီး ယုံကြည်ဖွယ်ကောင်းသော အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံ ပြည်သူလူထု၊ စားသုံးသူများနှင့် ကျွန်တော် တို့ရဲ့ အလုပ်သမားတွေအတွက် တည်ရှိနေသည်ကို ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ၊ ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံ ပြည်သူလူထုတွေဟာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေး အဆင့်မှာ အမြဲတမ်းပါဝင်လျှက်ရှိပြီး ကျွန်တော်တို့ရဲ့ အသက်သွေးကြောအဖြစ်အမြဲ တန်ဖိုးထားလျှက်ရှိ ပါသည်။
Grand Royal Group ၏ ခံယူချက်တစ်ခုဖြစ်သည့် မိမိနှင့် ဆက်နွယ်နေသူများအတွက် ရေရှည် တည်တံ့ဖွံ့ဖြိုးစေရန် “Being A Good Corporate Citizen” ဆိုသည့်အချက်ကို အမြဲဦးစားပေး လုပ်ဆောင် လျှက်ရှိပါသည်။ ကျွန်တော်တို့နဲ့ ဆက်နွယ်နေသူတွေအတွက် လူနေမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင် အကျိုးအမြတ်တွေအတွက်လည်း ကျွန်တော်တို့ရဲ့ လူမှုစောင့်ရှောက်ရေး အစီအစဉ် (CSR) ကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျှက်ရှိပါသည်။
ကျွန်တော်တို့ရဲ့ “Clean Water Project” သန့်စင်သောရေစက်တိုင်းရဲ့ အဖိုးတန်မှုဆိုတဲ့ ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဟာဆိုရင် ယခုအချိန်အထိ အိမ်ခြေပေါင်း ၆,၀၀၀ ကျော်ခန့်နှင့် လူပေါင်း ၄၀,၀၀၀ ခန့်ကို ရေသန့်ရရှိနိုင်ရန် လုပ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့ရဲ့ မျက်စိကုသခြင်း လုပ်ငန်းဟာလည်း လူပေါင်း ၈၀,၀၀၀ ကျော်ရဲ့ အမျိုးမျိုးသော မျက်စိဝေဒနာတွေကို ကုသပေးနိုင်ခဲ့ ပြီးဖြစ်ပါတယ်။

ကျွန်တော်တို့ Grand Royal Group သည် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများသို့ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ပစ္စည်း လှူဒါန်းထောက်ပံ့ခြင်းလုပ်ငန်းများကို အမြဲတမ်းကြိုးစား လုပ်ဆောင်ခဲ့ပါသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးနောက် ၂၀၁၅၊ ၂၀၁၆ ခုနှစ် ရေကြီးရေလှံျမှုများ ထပ်မံဖြစ်ပွားခဲ့သည့် အချိန်တွင်လည်း ကျွန်တော်တို့ရဲ့ စီးပွားရေလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဆိုးရွားစွာခံစားခဲ့ရသော (၅၈) နေရာသို့ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ပစ္စည်း လှူဒါန်းထောက်ပံ့ခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့ပြင် ကျွန်တော်တို့၏ဆောင်ပုဒ်ဖြစ်သော “ Being A Good Corporate Citizen” ဆိုသည့်အတိုင်း အခြားသော သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများသို့ အစားအသောက်နှင့် ထောက်ပံ့ပစ္စည်းများဖြင့် ကူညီထောက်ပံ့ လှူဒါန်းခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းကာလတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မှီတင်းနေထိုင်သော ပြည်သူများသည် သဘာဝဘေးအန္တရာယ်များ ဆိုးရွာစွာရင်ဆိုင်ကြုံတွေ့ခဲ့ကြပါတယ်။ ထိုဒေသများသို့ ကျွန်တော်တို့ Grand Royal Group မှ လည်း ဆန်၊ ခေါက်ဆွဲခြောက်ထုတ်များ၊ အစားအသောက်များ၊ မိုးကာအင်္ကျီများ၊ စောင်များ၊ ဖိုင်ဘာလှေများ အစရှိသည့် အထောက်အပံ့ပစ္စည်းများကို ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။
“သဘာဝဘေးအန္တရာယ်တွေကြောင့် ဒေသခံပြည်သူများအနေနဲ့ မိမိတို့တန်ဖိုးထားရတဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်း မြောက်များစွာ ဆုံးရှုံးခဲ့ကြမယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလို မထင်မှတ်ထား တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အဆိုးရွာဆုံး အခြေအနေတွေနဲ့ ကြုံတွေ့ခံစားခဲ့ကြရတဲ့အပေါ် အင်မတန်စာနာမိပါတယ်။ အထူးသဖြင့် ဒီလိုဆိုးရွာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သူတွေရဲ့ လူနေမှုဘဝတွေ ပြန်လည်ထူးထောင်နိုင်ဖို့ ကျွန်တော်တို့ ပြည်သူတစ်ဦးတယောက်ချင်းစီမှာ တာဝန်ရှိတယ်လို့ လက်ခံယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သူတို့လိုအပ်တဲ့ အကူအညီများ ကို တတ်နိုင်သလောက် စိတ်ရင်းစေတနာမှန်နဲ့ အကူညီပေးသွားကြမှဖြစ်ပါတယ်” ဟု Grand Royal Group မှ ဦးရင်ထန် (PR Exectutive) မှ ပြောကြားခဲ့ပါတယ်။

“ ဒီ Heart of GRG campaign က ၂၀၁၉ ခုနှစ်အတွက် ကျွန်တော်တို့ရဲ့ နောက်ထပ် CSR campaign တစ်ခုဖြစ်ပါတယ်။ ရေးဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့လှူဒါန်းတာက ဒါပထမအကြိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွေမှာလည်း Help Myanmar Campaign နဲ့ လှူဒါန်းခဲ့ဖူးပါတယ်။ ကျွန်တော်တို့တွေ ရေဘေးသင့်နေတဲ့ ကျေးရွာတွေကို စက်လှေတွေနဲ့ သွားပြီး အိမ်တိုင်ရာရောက် လှူဒါန်းခဲ့စဉ်တုန်းကဆိုရင် တော်တော် အန္တရာယ်များတဲ့အခြေအနေတွေကြုံခဲ့ကြရပြီး၊ ခက်ခက်ခဲခဲ သွားရောက်လှူဒါန်းခဲ့ဖူးပါတယ်။ Being A Good Corporate Citizen ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့အနေနဲ့ CSR လုပ်ငန်းတွေပြုလုပ်ခြင်းသာမက နိုင်ငံတော်ကိုလည်း မှန်မှန်ကန်ကန် အခွန်ဘဏ္ဍာများကို ပေးဆောင်လျှက်ရှိပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီသည် မြန်မာနိုင်ငံထိပ်တန်း အခွန်ထမ်းကြီးမျာ (၅) ဦးစာရင်းတွင်ပါဝင်ပြီး နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်က ဂုဏ်ပြုမှတ်တမ်းလွှာ များ ဖြင့် ချီးမြှင့်ခံခဲ့ရပြီးဖြစ်ပါတယ်” ဟု Grand Royal Group မှ CSR Manager အဖြစ်တာဝန်ထမ်းဆောင်သူ ဦးတင့်ဝေက ပြောကြားခဲ့ပါတယ်။
“ကျွန်မတို့ အမှန်တကယ် အကူအညီလိုအပ်နေတဲ့အချိန်မှာ လာရောက် လှူဒါန်းပေးတာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ Grand Royal Group ဆိုတာ ဝီစကီထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုလို့ပဲ သတိထားမိခဲ့ကြ ပေမယ့် သူတို့အနေနဲ့ အခုလို လူမှုပတ်ဝန်းကျင်အကျိုးစီးပွားနဲ့ အလှူဒါနတွေကို ခုလို ရက်ရက်ရောရော၊ လိုလိုလားလားနဲ့ လာရောက် ပါဝင်လှူဒါန်းကူညီဒါတာကို လက်တွေ့ ခံစားမိလိုက်ရတဲ့အချိန်မှာ အင်မတန် ဝမ်သားကြည်နူးမိပါတယ်။ ကျွန်မအနေနဲ့ မိသားစုကိုယ်စား ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် လေးစားမိပါတယ်”ဟု မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူတစ်ဦးဖြစ်သည့် ဒေါ်ခင်ထွေးမှ ပြောကြားခဲ့ပါ သည်။

GRG Team offers assistance to Flood Refugees in Mon State by giving out food and relief supplies

The Grand Royal Group (GRG) has been in the whisky business for over 2 decades since 1995. We take pride in being a reputable and credible organization that cares for our customers, workers and the people of Myanmar. We believe that our customers, staff and the people of our country are our life-blood and that they are our top priority as far as our business protocols are concerned. 

GRG has always maintained a high level of Corporate Social Responsibilities (CSR) which we believe will contribute to sustainable development by delivering economic, social and environmental benefits to all stakeholders. 

Under our “Clean Water Project”, digging of the wells and water treatments was our top priority. This was so that we could create clean water sources for more than 6,000 households and 40,000 populations in total. Additionally, with the eye-care project to cure eye vision diseases, we have given medical treatment for more than 80,000 populations. 

 We did so in the aftermath of Cyclone Nargis and again following the floods of 2015 and 2016 when we worked with our business partners to bring relief to 58 badly affected villages in Ayeyarwady Region. In addition, we have supported other disasters with donations and supplies areas according to our motto “Being A Good Corporate Citizen”. 

In early August 2019, the people from Mon State and Kayin State Region suffered from a natural disaster.  GRG has donated the food supplies for those victims who are badly affected. We donated rice, instant noodle, foods, drinks, rain coats, blankets, fiber boats and etc. on 16th and 17th August 2019 at the rescue’s stations of Mon State and Kayin State. 

 “We believe that all these communities were faced with natural disaster that has caused loss of life, houses and their belongings. We would first like to express our sincere and heartfelt condolences to all the families and loved once involved in this very serious and unfortunate disaster. We believe that We have a responsibility to improve the lives of those around us especially in situations like this. We will help our people with our warm heart when they need our help” said Mr. Yin Htan, PR Executive of Grand Royal Group.  

 “The Heart of GRG campaign is one of our CSR campaigns in 2019. This is not the first time of flood donation because we did in the flood relief of 2015 and 2016 with Help Myanmar Campaign. In the Help Myanmar campaign, we went to the flooded villages by boat and donated directly to their homes. In those days, we were faced with dangerous situations and it was very difficult to reached there. Being a good corporate citizen is not only contributing with CSR programs but also contributing in Tax, law and regulations. We are the top 5 biggest tax payer in Myanmar which honored by President U Win Myint.” Said U Tint Wai, CSR Manager of Grand Royal Group.

 “It came just when we needed it most! We only aware of GRG is a whisky company who is manufacturing the Grand Royal Whisky. It was wonderful that they have a lot of programs to support their society. On my family’s behalf and mine, I would like to express our heartfelt thanks. It is greatly appreciated!” said Daw Khin Htwe who is a victim of Mon state.

Grand Royal Group Celebrate for Additional Success of 2019 CSR Project

Grand Royal Group ၏ ခံယူချက်တစ်ခုဖြစ်သည့် မိမိနှင့် ဆက်နွယ်နေသူများအတွက် ရေရှည် တည်တံ့ဖွံ့ဖြိုးစေရန် “Being A Good Corporate Citizen” ဆိုသည့်အချက်ကို အမြဲဦးစားပေး လုပ်ဆောင်လျှက်ရှိပါသည်။ ကျွန်တော်တို့နဲ့ ဆက်နွယ်နေသူတွေအတွက် လူနေမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင် အကျိုးအမြတ်တွေအတွက်လည်း ကျွန်တော်တို့ရဲ့ လူမှုစောင့်ရှောက်ရေး အစီအစဉ် (CSR) ကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျှက်ရှိပါသည်။ Grand Royal Group ၏ CSR လုပ်ငန်းစဉ်များအတွက် နှစ်စဉ် ကျပ် ၁.၅ ဘီလီယံမှ ၂ ဘီလီယံအထိ နှစ်စဉ် လျာထား သုံးစွဲလျှက်ရှိပါသည်။ အချုပ်အားဖြင့်ဆိုရရင် ကျွန်တော်တို့ရဲ့ “Clean Water Project” သန့်စင်သောရေစက်တိုင်းရဲ့ အဖိုးတန်မှုဆိုတဲ့ ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဟာဆိုရင် ယခုအချိန်အထိ အိမ်ခြေပေါင်း ၆,၀၀၀ ကျော်ခန့်နှင့် လူပေါင်း ၄၀,၀၀၀ ခန့်ကို ရေသန့်ရရှိနိုင်ရန် လုပ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့ရဲ့ မျက်စိကုသခြင်း လုပ်ငန်းဟာလည်း လူပေါင်း ၈၀,၀၀၀ ကျော်ရဲ့ အမျိုးမျိုးသော မျက်စိဝေဒနာတွေကို ကုသပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ CSR လုပ်ငန်းများအတွက် အမေရိကန် ကုန်သည်ကြီးများအသင်းမှပေးအပ်တဲ့ ၂၀၁၈ခုနှစ် တနှစ်စာလုံးရဲ့ အကောင်းဆုံး CSR လုပ်ငန်းဆုကို ၃ နှစ်တိတိ အသိအမှတ်ပြုလက်ခံရရှိခဲ့ပြီး ဖြစ်ပါသည်။

-၂-

ထို့အပြင် Grand Royal Group သည် ကော်ပိုရိတ်တာဝန်ကျေမှုများထဲမှအရေးကြီးသည့် အချက်ဖြစ်သော အခွန်ပေးဆောင်မှုကိုလည်း အစဉ်အမြဲ အလေးထားလိုက်နာ လျှက်ရှိသည်။ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျပ်ဘီလီယံ ၁၀၀ ကျော်ခန့်ကို ပေးဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်းအခွန်ထမ်းကြီးများစာရင်းတွင် ဆယ်စုနှစ်များစွာကတည်းက နှစ်စဉ်ဖော်ပြခံရလျှက်ရှိ သည်။ ထို့အပြင် နိုင်ငံတော်သမ္မတမှပေးအပ်သည့် ထိပ်တန်းအခွန်ထမ်းကြီးများ အတွက် ဂုဏ်ပြုဆုများကိုလည်း နှစ်စဉ်ရရှိလျှက်ရှိပါသည်။

Grand Royal Group ၏ “Clean Water Project” ကို ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော် ခဲ့ရာ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဦးစားပေးအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ကော့မှုးမြို့နယ်၊ သာစည်မြို့နယ်၊ မိထ္တီလာနှင့် ကျောက်ပန်းတောင်း ခရိုင်တို့တွင် အောင်မြင်စွာနဲ့ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ ယခုဆိုလျှင် ကျွန်တော်တို့ရဲ့ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အတွက် နောက်ဆုံးအကောင်အထည်ဖော်ခဲ့သည့် “Clean Water Project” ကို ၂၀၁၉ခုနှစ် မတ်လတွင် ဧရာဝတီတိုင်းဒေသကြီး၌  အောင်မြင်ခဲ့ပြီး ဒေသခံပြည်သူများ အသုံးပြုလျှက်ရှိ နေကြပြီဖြစ်ပါသည်။ ထို Project ကို ၂၀၁၈၊ ဒီဇင်ဘာလမှ စတင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပန်းတနော်နှင့် မအူပင်မြို့များတွင်ရှိသော သောက်သုံးရေ ခက်ခဲနေသည့် ရှမ်းကွင်း၊ ဘုရားချောင်း၊ ပလောင်နှင့် အကွီကျေးရွာတို့တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် ကျွန်တော်တို့ရဲ့ ၎င်း Project သည် အိမ်ခြေပေါင်း ၁,၃၈၀ နှင့် လူပေါင်း ၆,၁၉၉ တို့ကို သန့်စင်သော သောက်သုံးရေရရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ၂၀၁၉ ခုနှစ် အတွက် Clean Water Project ရဲ့ နောက်ထပ်ခြေလှမ်းဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး  သောက်သုံးရေရှားပါသောဒေသများတွင် အကောင်အထည်ဖော်ရန် Survey ဆင်းနေပြီ ဖြစ်ပါသည်။

“ကျွန်တော်တို့ရဲ့ ဒီ Project အတွက် သိန်း ၄၀၀ ခန့် ကုန်ကျခံခဲ့ပြီး ရေသန့်စက်အဆောက်အဦး ၄ ခု၊ ရေသန့်စင်စက် ၄ ခုနဲ့ ရေစုကန် ၄ ခုကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ Project ကတော့ မတ်လ ၂၀၁၉ ခုနှစ်ထဲက အောင်မြင်လို့ စတင်လည်ပတ်ခဲ့တာ အကြောင်းကြောင်းကြောင့်  အခမ်းအနားကတော့ ဇွန်လ ၂၀၁၉ မှလုပ်ခဲ့ရတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်အစိုးရမှတာဝန်ရှိသူများနဲ့ အတူ Survey လုပ်ပြီးမှ တကယ်လိုအပ်နေတဲ့ ရွာတွေကို ရွေးထုတ်ပြီး ဆောင်ရွက်ပေးတာဖြစ်ပါတယ်။” ဟု CSR Manager ဦးတင့်ဝေမှ ပြောပါသည်။

-၃-

“ကျွန်တော်တို့ Grand Royal Group အနေဖြင့် ပြည်သူတွေရဲ့ လူနေမှုဘဝတိုးတက်စေဖို့အတွက် အစဉ်အမြဲ တတ်အားသရွေ့ ဆောင်ရွက်ပေးခြင်းကလည်း ကျွန်တော်တို့ရဲ့ အလေးထားရတဲ့ အချက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ CSR လုပ်ငန်းတွေအနေနဲ့ မျက်စိကုသခြင်း၊ သောက်ရေ တူးဖော်လှူဒါန်းခြင်း၊ စာသင်ကျောင်းများဆောက်လုပ်လှူဒါန်းခြင်းနဲ့ နိုင်ငံအားကစားအတွက်  ဘောလုံးအသင်းအားပံ့ပိုးပေးခြင်း အစရှိတဲ့ ပုံမှန် လုပ်ငန်းတွေအပြင် သဘာဝဘေးအန္တရာယ်ကျ ရောက်သောဒေသမျာတွင်လည်း ထောက်ပံ့လှူဒါန်းခြင်းတွေကို ကျွန်တော်တို့ရဲ့ Being A Good Corporate Citizen ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးလည်း ကျွန်တော်တို့အနေနဲ့ CSR အကျိုးပြုလုပ်ငန်းတွေကို ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ” ဟု Grand Royal Group ၏ တွဲဖက်ဥက္ကဌ ဦးအောင်မိုးကျော်မှ  ပြောကြားပါသည်။

“ကျွန်တော်တို့ရွာမှာအစက သောက်သုံးရေတော်တော်ကို အဆင်မပြေခဲ့ဘူး။ မိုးတွင်းတော့ မိုးရေခံသောက်ရတယ်။ ကျန်တဲ့အချိန်တွေဆို ချောင်းရေနဲ့ လက်ယက်တွင်းပဲအားကိုးရတာ အခုတော့ တရွာလုံးကျန်းကျန်းမာမာ၊ အန္တရာယ်ကင်းကင်းနဲ့သန့်စင်တဲ့ရေကို သောက်သုံးနိုင်ပြီ။” ဟု အကွီကျေးရွာမှ  ဦးအုန်းသိန်းကပြောပါသည်။

Grand Royal Group Celebrate for Additional Success of 2019 CSR Project

As an conviction of Grand Royal Group, “Being A Good Corporate Citizen” is always a priority for sustainable development of our business. For social life and environmental benefit for our beneficiaries, we have been implementing the Corporate Social Responsibility (CSR) Program. It is reserved from 1.5 Billion to 2 Billion as the annual budget to carry out the activities for CSR program of Grand Royal Group. In summary, under our “Clean Water Project”, digging up the wells and treating water are referred to the value of every clean water drop, we could create the clean water source for more than 6,000 households and 40,000 populations in total. Moreover, with the project to cure eye vision disease, we have given medical treatment for more than 80,000 populations. We have received, in 2018, the CSR of the year awarded by the American Chamber of Commerce three year consistently.
In addition, Grand Royal Group is always following one of the important reliabilities of corporate governance, paying taxation. For 2018-2019 fiscal year, we have paid more than 100 Billion MMK standing as the top tax payer list in Myanmar since many decades. Moreover, we have been awarded as a top 5 tax payer by the President.

“Clean Water Project” of Grand Royal Group has been successfully implemented since 2016 in Yangon and Mandalay as the prioritized regions in Kawhmu, Thasi, Meikhtila and Kyaukpadaung Districts. For now, our “Clean Water Project” which has been implemented in 2018-2019 fiscal year gained the positive outcomes for the local population. That project has been commenced since December 2018 implementing in Shankwin, Phayachaung, Palaung and Ahkwei villages in Pathein, Pantanaw and Maubin Townships of Ayeyarwaddy where the inhabitants have been experiencing water crisis. Currently, this project has brought for 1,380 households and 6,199 populations accessing drinking water. Moreover, as the next step of “Clean Water Project” for the year 2019, we are now carrying out the survey to implement in Bago Region with water crisis.

“We have spent 40 million for this project to build 4 water purification buildings, 4 water cleaning machines and 4 water collecting pools. The project already got positive outcomes since March 2019 but the celebration ceremony has been held just in June 2019. The Clean Water Project is implementing for the right places choosing the suitable villages after the survey which collaborating with the government representatives”, said the CSR Manager U Tint Wai.

-2-

Our institution “Grand Royal Group” is caring for the development of people living standards and always helping best. As for the activities of our CSR work plans, we have been working for eye care, clean water supply, building schools, and supporting the football team for countrywide sport, in addition with the further supports and donations in disaster areas according to our motto “Being A Good Corporate Citizen”, said the Co-Chairman of Grand Royal Group, U Aung Moe Kyaw.

-3-

“In our village, we had experienced many crises to access drinking water for a long time. During rainy seasons, we had to store raining water. For other times, we had to rely on creek water and hand scooped waterholes. But now, we the whole villagers can get access to clean and healthy water”, said U Ohn Thein, a local person from Ahkwei Village.