The American Chamber of Commerce in Myanmar (AMCHAM Myanmar) honored Grand Royal Group International Co.,Ltd

The American Chamber of Commerce in Myanmar (AMCHAM Myanmar) honored Grand Royal Group International Co.,Ltd
Grand Royal Group International Co.,Ltd (GRGI) is proud to announce that the company has been recognized as “Gold Level” among the top corporate social responsibility program in 2020 powered by American Chamber of Commerce in Myanmar (AMCHAM).

This is truly one of the milestones accomplishments of the organization in this COVID-19 pandemic situation, taking challenges in 2020 and GRGI was given this AMCHAM CSR Excellence award consecutively in 2016, 2017, 2018, 2019 as well.

Grand Royal Group International Co.,Ltd (GRGI) has been leading the market for over 2 decades since 1995. GRGI has always maintained a high level of Corporate Social Responsibility (CSR) which will contribute to sustainable development by delivering economic, social and environmental benefits to all stakeholders, staff, customers and most importantly the people of Myanmar in line with their motto “Being A Good Corporate Citizen”.

American Chamber of Commerce in Myanmar (AMCHAM) အသင်းက ကြီးမှူးသည့် ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးလူမှုစောင့်ရှောက်ရေး အကျိုးပြုလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ထူးချွန်ဆု “AMCHAM CSR Excellence” ပေးအပ်ချီးမြှင့်ရာတွင်၊ Grand Royal Group International Co.,Ltd (GRGI) ကို “Gold Level” အဆင့်ထိ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုချီးမြှင့်ခဲ့ပါသည်။

COVID-19 ကူးစက်ရောဂါအန္တရာယ်အခြေအနေဆိုးများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလအတွင်း ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခံရခြင်းသည် GRGI အတွက် ဂုဏ်ယူစရာ သမိုင်းမှတ်တိုင်များဖြစ်ပြီး၊ ၄င်းဆုကို ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များတွင်လည်း အလားတူ ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖော်ပြလိုက်ပါသည်။

Grand Royal Group International Co., Ltd (GRGI) သည် အဖျော်ယမကာဈေးကွက်တွင် ၁၉၉၅ ခုနှစ်က စတင်ကာ ဆယ်စုနှစ် (၂) စုကျော်တိုင်အောင် ခိုင်မာစွာ ရပ်တည်လာနိုင်ခဲ့ပြီး ဖြစ်ပါသည်။ GRGI အနေဖြင့် ၎င်းနှင့် တိုက်ရိုက် ဆက်နွယ်ပတ်သက်နေသူများ၊ ဝန်ထမ်းများ၊ စားသုံးသူများနှင့် မြန်မာပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးခံစားခွင့်များကို ပြန်လည်ပေးစွမ်းနိုင်ရန်အတွက် လူမှုစောင့်ရှောက်ရေး အကျိုးပြုလုပ်ငန်းအစီအစဉ် (CSR) ကို “တာဝန်ကျေပွန်သော နိုင်ငံ့သားကောင်း ပီသရေး” ဆောင်ပုဒ်နှင့်အညီ အရှိန်အဟုန်မြှင့်တင်ကာ ဆောင်ရွက်လျှက်ရှိပါသည်။