Best Company to Work in Myanmar 2020

Grand Royal Group International Co.,Ltd is proud to announce that the company has been awarded as one of the winners of “Best Companies to Work in Myanmar 2020, BCIM” powered by Job Net Myanmar Co.,Ltd. BCIM is a 100% online program of Employee Engagement Survey within 3 months window and it aims to gain a better insight of employee satisfaction level and provide measures to benchmark companies against the rest of the market in Myanmar. GRGI has participated for the first time in this BCIM 2020 program in order to witness the strengthening of the company branding as both an employer and a business mutually. This is one of the milestone accomplishments of GRGI in this COVID-19 pandemic situation, taking challenges in 2020.

Job Net Myanmar Co.,Ltd က ကြီးမှူးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွက် “မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ (Best Companies to Work in Myanmar 2020, BCIM) ဆု” ပေးအပ်ချီးမြှင့်ရာတွင် Grand Royal Group International Co.,Ltd သည်လည်း ဆုရကုမ္ပဏီတစ်ခုအနေဖြင့် အသိအမှတ်ပြုခြင်းခံခဲ့ရပြီးဖြစ်ကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖော်ပြလိုက်ပါသည်။ BCIM သည် (၁၀၀) ရာခိုင်နှုန်း အွန်လိုင်းစစ်တမ်းကောက်ယူမှုနည်းစနစ်ဖြင့် ကုမ္ပဏီအတွင်းရှိ ဝန်ထမ်းများကို (၃) လတာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး၊ ၄င်း၏ ရည်ရွယ်ချက်မှာ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ စိတ်ကျေနပ်မှုရရှိခြင်းအဆင့်နှင့် မြန်မာနိုင်ငံစျေးကွက်အတွင်းရှိ ကုမ္ပဏီများ၏ အမှတ်တံဆိပ်အားကောင်းမှုကို တိုင်းတာစိစစ်ပေးနိုင်ရန်ဖြစ်ပါသည်။ GRGI အနေဖြင့် လုပ်ငန်းရှင်နှင့် စီးပွားရေးလုပ်ငန်း ကဏ္ဍနှစ်ရပ်လုံးတွင် အပြန်အလှန် အားကောင်းမှုရှိသော ကုမ္ပဏီအမှတ်တံဆိပ်တစ်ခု ဖြစ်ကြောင်းကို သက်သေပြနိုင်ရန် ရည်ရွယ်ကာ ပထမဆုံးအကြိမ်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။ COVID-19 ကူးစက်ရောဂါအန္တရာယ် အခြေအနေ ဆိုးများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလအတွင်း ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းမှာ GRGI ကုမ္ပဏီ၏ သမိုင်းမှတ်တိုင်တစ်ခုပင်ဖြစ်ပါသည်။

Mid-Season Championship Hantharwaddy United F.C.

Grand Royal Group International’s own football club, Hantharwady United F.C. played against Yangon United F.C. in MPT Myanmar National League 2020, week 11 match held at Thuwanna Stadium on 26 Aug 2020. In that match, Hantharwaddy United F.C. defeated the opposing team (3-1) and ranked as place No 1 with 24 points in total. GRGI is proud to congratulate Hantharwaddy United F.C. to be a mid-season champion for the very first time in the history of the club.

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်နေ့၊ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပခဲ့သည့် MPT Myanmar National League ပြိုင်ပွဲ၊ ပွဲစဉ် (၁၁) တွင် GRGI ၏ ကိုယ်ပိုင်ဘောလုံးအသင်းဖြစ်သော ဟံသာဝတီယူနိုက်တက်အသင်း သည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ ကြပါသည်။ ထိုပွဲစဉ်တွင် ဟံသာဝတီယူနိုက်တက် အသင်း က ပြိုင်ဖက်အသင်း အား (၃) ဂိုး၊ (၁) ဂိုးဖြင့် အနိုင်ရယူနိုင်ခဲ့ပြီး၊ MNL ပွဲစဉ် (၁၁) အပြီးတွင် ရမှတ်ပေါင်း (၂၄) ဖြင့် အဆင့်နံပါတ် (၁) နေရာတွင် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။ ဟံသာဝတီအသင်း၏ သမိုင်းသက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ရာသီဝက် ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းအပေါ် Grand Royal Group International Co.,Ltd က အထူးဂုဏ်ယူမိပါကြောင်း ဖော်ပြအပ်ပါသည်။