Grand Royal Group သည် မြန်မာကုမ္ပဏီအနေဖြင့် အကောင်းဆုံး အလုပ်ခွင်အဖြစ် နိုင်ငံတကာအဖွဲ့အစည်းမှ အသိအမှတ်ပြုခံရခြင်း

November 15, 2019

Grand Royal Group အနေဖြင့် ၂၀၁၉- ၂၀၂၀ ခုနှစ်၏ အကောင်းဆုံးအလုပ်ခွင်အဖြစ် အမေရိကန် အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော The Great Place to Work Institute မှ အကောင်းဆုံးလုပ်ငန်းခွင် “A Great Workplace” အဖြစ် အသိအမှတ်ပြု လက်မှတ်ကို ရရှိခဲ့တာဖြစ်ပါသည်။ ၎င်းအသိအမှတ်ပြုလက်မှတ်ကို လုပ်ငန်းခွင်အတွင်း၌ ရှိသော ဝန်ထမ်းများ သို့ ကောက်ခံသည့် စစ်တမ်းကောက်လွှာအရ ၇၀% နှင့်အထက် အကောင်းဆုံး အဖွဲ့အစည်းမှာ လုပ်ကိုင်ရခြင်းအတွက် ဂုဏ်ယူခြင်းခံယူချက် နှင့် ကုမ္ပဏီ၏ ယဉ်ကျေးမှု၊ သဘောတရားခံယူချက်၊ တို့အရကိုက်ညီမှုရှိမရှိတို့အပေါ်မူတည်၍ အကဲဖြတ်သော အသိအမှတ်ပြု လက်မှတ်ဖြစ်ပါသည်။ ထိုစစ်တမ်းကောက်ခံမှုများအရ Grand Royal Group သည် ၉၅% သော ဝန်ထမ်းများမှ လုပ်ငန်းခွင်အတွင်း လုံခြုံမှု၊ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုနှင့် စိတ်ဓာတ်အင်အားပြင်းပြမှုတို့ ဖြစ်ပေါ်စေပြီး ထိုလုပ်ငန်းခွင်၏ အစိတ်အပိုင်းဖြစ်ရခြင်းအတွက် ဂုဏ်ယူကြောင်းတို့ကြောင့် အသိအမှတ်ပြု လက်မှတ်ကို လက်ခံရရှိခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ Grand Royal Group သည် ဝန်ထမ်းပေါင်း ၂၅၀၀ ကျော်နှင့် ၎င်းတို့ ဆက်နွယ်နေသူများကို အကျိုးပြုလျှက်ရှိသော ဖျော်ယမကာထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ Grand Royal Group အနေဖြင့် စားသုံးသူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အတွက် ထုတ်ကုန်ပစ္စည်းတစ်ခုအဖြစ် ဖြစ်လာစေရုံ သာမက ရေရှည်တည်တံ့စေရန်အတွက် တာဝန်ကျေပွန် သောလုပ်ငန်းတစ်ခု ဖြစ်စေရန်အစဉ် အမြဲကြိုးစား ဆောင်ရွက်သွားဖို့ ရည်ရွယ် ထားပါသည်။ Grand Royal Group အနေဖြင့် ဝန်ထမ်းများ၏ အရည်အသွေးများ ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် အစဉ်အမြဲရင်းနှီးမြှုပ်နှံလျှက်ရှိပြီး ၂၀၁၈- ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာနှင့် ပြည်တွင်းသင်တန်းကျောင်းများနှင့် ပူးပေါင်းကာ ဝန်ထမ်းများအတွက် သင်တန်းများကို ပို့ချပေးခဲ့ရာ သင်တန်းပေါင်း ၉၂ နှင့် ဝန်ထမ်းပေါင်း ၁,၈၉၆ ဦးကို သင်တန်းများပို့ချ ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့အပြင် ဝန်ထမ်းများ အလုပ်လုပ်ရာတွင်လည်း ကျန်းမာပျော်ရွှင်သော လုပ်ငန်းခွင်တစ်ခုဖြစ်စေရန် ကျန်းမာရေးအာမခံများထားရှိခြင်းနှင့် အခါအားသင့်သလို Yoga Class, Running class နှင့် ပျော်ပွဲရွှင်ပွဲများကိုလည်းပြုလုပ်ပေးလျှက်ရှိ ပါသည်။

“ကျွန်မအနေနဲ့ Grand Royal Group မှာအလုပ်လုပ်လာတာ ၁၅နှစ် ရှိပါပြီ။ ဒီ ၁၅နှစ် သက်တမ်းတစ်လျှောက်မှာ အောက်ခြေ Coordinator အဆင့်ကနေ အခုလို Management အဆင့် အထိရောက်အောင် မြေတောင်မြှောက်ပေးတဲ့ Grand Royal Group ကို ကျေးဇူးတင်ပါ တယ်။ ဒီကုမ္ပဏီမှာ ကျွန်မလိုမျိုး ၁၀နှစ်၊ ၁၅နှစ်၊ အနှစ် ၂၀ သက်တမ်းရှိတဲ့ ဝန်ထမ်းတွေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အားလုံးရဲ့ခံယူချက်က ကျွန်မတို့ ဘဝတွေကို မြှင့်တင်ပေးတဲ့အဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့အခါမှာ ပြင်းပြတဲ့ စိတ်ဓာတ်တွေကြောင့်ပဲလို့ ယုံကြည်ပါတယ်” ဟု မမိုးမိုး Planning Manager မှ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်ကတော့ Grand Royal Group မှာ ယာဉ်မောင်းအနေနဲ့ လုပ်နေတာ ၅နှစ်ရှိပါပြီ။ ကျွန်တော်တို့ယာဉ်မောင်းတွေအတွက် သင့်တင့်တဲ့ လစာ၊ ဆုကြေးတွေအပြင် အခြားသော အဖွဲ့အစည်းကပေးတဲ့ အကျိုးခံစားခွင့်တွေနဲ့ activities တွေမှာပါ ပါဝင်ခွင့်ရပါတယ်။ ကျွန်တော်တို့ယာဉ်မောင်းတွေအတွက် ဘေးကင်းလုံခြုံရေးတွေအပြင် အင်္ဂလိပ်စာသင်တန်းနဲ့ အခြားသော သိရှိသင့်တဲ့ လူနေမှုအဆင့်အတန်းတွေကိုပါ သင်ကြားပေးတဲ့အတွက် ဒီမှာ ယာဉ်မောင်းတစ်ဦး ဖြစ်ရတာ ဝန်ထမ်းအကျိုးအမြတ်တွေကိုပါ တန်းတူခံစားခွင့်ရတယ်လို့ ထင်ပါ တယ်” ဟု Grand Royal Group မှ ယာဉ်မောင်း ကိုထက်လင်းဦးကပြောပါတယ်။
ကျွန်တော်တို့ GRG အနေနဲ့ Human Capital Investment တွေကို အထူး အလေးပေး ေဆောင်ရွက်ခြင်းတွေဟာ အဖွဲ့အစည်းအတွက် ရေရှည်တည်တံ့တဲ့ အဓိက သော့ချက်ဖြစ်သည်ကို အပြည့်အဝယုံကြည်လက်ခံပြီး ကျင့်သုံးလျှက်ရှိပါသည်။ ကျွန်တော်တို့ Grand Royal Group သည် ၂၀၁၇ ခုနှစ်တွင် World HRD Congress မှ ချီးမြှင့်သည့် “Best Employer Award 2017 နှင့် Dream Employer Award 2017” တို့ကိုရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက်လည်း “Dream Employer Award 2019” ကို ထပ်မံရရှိခဲ့ပါသည်။ ထို့အပြင် ၂၀၁၉- ၂၀၂၀ ခုနှစ်နှစ်အတွက် “The Great Place To Work” မှ အသိအမှတ်ပြုသည့် “A Great Workplace” Certificate ကိုလည်း ထပ်မံရရှိခဲ့ပါသည်။ ကျွန်တော်တို့ Grand Royal Group အနေဖြင့် စားသုံးသူများ၊ ဝန်ထမ်းများနှင့် ပြည်သူလူထုအား ဂရုတစိုက် နှင့်အလေးထားလျှက်ရှိ ပြီး လေးစားတန်ဖိုးထားရသော ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းဖြစ်ရခြင်းအတွက် အစဉ်အမြဲ ဂုဏ်ယူလျှက်ရှိပါသည်။