Grand Royal Group International ကုမ္ပဏီ အစုအဖွဲ့က ကျပ်သိန်း (၂,၀၀၀) အား ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် လှူဒါန်းကြောင်းကြေညာ၍ “STOP COVID-19 YELLOW CAMPAIGN”လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်

Grand Royal Group International (GRGI) သည်၊ မြန်မာနိုင်ငံတွင်၊ နာမည်ကျော် ဝီစကီ အမှတ်တံဆိပ်များကို ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင်၊ ကုမ္ပဏီ တည် ထောင်ခြင်း (၂၅) နှစ်ပြည့်၊ ငွေရတုနှစ်ပတ်လည်ကို ဆင်နွှဲခဲ့ပြီးဖြစ်သည်။ နှစ်ပေါင်း (၂၅) နှစ်ကြာ၊ အ တွေ့အကြုံများကြောင့်၊ မြန်မာပြည်တွင်းယမကာထုတ်လုပ်ခြင်းကဏ္ဍတွင် ဦးဆောင်နိုင်ခြင်းကို အ များအသိအမှတ်ပြုထားခြင်းလည်းခံရသည်။ နိုင်ငံတွင်းမှာဆုတံဆိပ်များသာမက၊ အပြည်ပြည်ဆိုင် ရာက အသိအမှတ်ပြုသော၊ ထိတ်တန်း ဝီစကီအမှတ်တံဆိပ်များတွင်၊ အကောင်းဆုံး ဝီစကီ (၂၀) အတွင်းတွင်ပါဝင်ခဲ့သည်။

Grand Royal Group International (GRGI) ကုမ္ပဏီအနေနှင့် ကုမ္ပဏီတည်ထောင်ခြင်း (၂၅) နှစ်မြောက်၊ ငွေရတုအထိမ်းအမှတ်၊ အနေနှင့်၊ မြန်မာကျပ်ငွေ သိန်း (၂,၀၀၀) တိတိကို၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ သို့ UMFCCI အသင်းကြီးမှတဆင့်လှူဒါန်းထားပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်သည့် “STOP COVID-19 Yellow Campaign” လှုပ်ရှား မှုတွင် ဂုဏ်ယူ ဝမ်းမြောက်စွာပူးပေါင်းပါဝင်လိုက်သည်။ “ကျွန်တော်တို့ ကိုဗစ်ကာကွယ်ဆေး လှူ ဒါန်းတဲ့ ရန်ပုံငွေတွေဟာ ဝန်ထမ်းတစ်ဦးတစ်ချင်းစီက ၊ အားတက်သရောလှူဒါန်းထားတဲ့ အလှူဒါန ဖြစ်ပြီး၊ စုစုပေါင်းပမာဏပေါ်မှာမှ ကုမ္ပဏီဖက်က ထပ်မံအားဖြည့်လှူဒါန်းထားတဲ့ အလှူပမာဏဖြစ် ပါတယ်။ ဒီစုပေါင်းအလှူဒါနအတွက်၊ ကျွန်တော်တို့ဝန်ထမ်းတွေရော၊ အုပ်ချုပ်မှုပိုင်းအတွက်ပါ အ ထူးဝမ်း‌မြောက်ဂုဏ်ယူရပါတယ်။” ဟုကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ GRGI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Rahul Colaco ကပြောကြားသည်။

GRGI ၏ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်က၊ “အခုလို၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ၊တစ်ဦး ကိုတစ်ဦး သတိပေးရေး၊ အဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခွင့်ရတဲ့အတွက်ရော၊ ကျွန်တော်တို့ကုမ္ပဏီ (၂၅) မြောက်၊ ငွေရတု အထိမ်းအမှတ်အဖြစ် ၊ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့အလှူဒါနကို တင်ပြခွင့် ရတဲ့အတွက်၊ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်း‌‌‌ဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန် တိုင်းကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ‌ဒေါက်တာ ဦးထွန်းမြင့်နဲ့ တာဝန်ရှိ သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ STOP COVID-19 Yellow Campaign၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ တစ်ဦးကိုတစ်ဦးသတိပေးရေး၊ အဝါရောင်လှုပ်ရှားမှုဟာ၊ ကျွန်တော်တို့လို နိုင်ငံ တော်ရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍအတွင်းက စီးပွား‌ရေးတွေ အနေနဲ့၊ တထောင့်တနေရာကနေပြီး၊ New Normalနဲ့ အတူတူ ကုန်ထုတ်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ အင်မတန်အထောက် အကူ ဖြစ်ပါတယ်။ ဒီကပ်ရောဂါဆိုးကြီးကြောင့်၊ အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးသူ အပေါင်း (၃,၀၀၀) ခန့် နဲ့ ရောဂါကူးဆက်ခံရသူဦးရေ (၁၃၅,၀၀၀) ခန့်ရှိနေလို့၊ မဖေါ်ပြနိုင်လောက် အောင်စိတ်ဆင်းရဲစရာကောင်းပါတယ်။ ကမ္ဘာနဲ့ယှဥ်ကြည့်ရင်တော့၊ ကမ္ဘာနဲ့အဝန်း အသက်ဆုံးရှုံးသူ ပေါင်း (၂) သန်းကျော်နဲ့ ၊ ရောဂါကူးစက်ခံရသူဦးရေ သန်း (၉၀) ကျော်ရှိလို့၊ ကျွန်တော်တို့ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အချိန်မီကြိုးပမ်းကာကွယ်၊ ထိန်းချုပ်ထားကြတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်။သို့ပါသော်လည်း၊ ကျွန်တော်တို့ ပြည်တွင်းမှာ စီးပွားရေးအခက်အခဲများစွာနဲ့ ရင် ဆိုင်ကြုံတွေ့နေကြရပြီး၊ လူသန်းပေါင်းများစွာကို အကျိုးသက်ရောက်နေပါတယ်။ ဒါကြောင့် စာနာ ထောက်ထားသောအားဖြင့်၊ ကျွန်တော်တို့တတ်အားသ၍ လှူဒါန်းတာတွေဟာလည်း၊ ဒီ ရောဂါပိုးကို တိုက်ဖျက်နိုင်ဖို့အတွက် အများပြည်သူကို အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟုဆိုသည်။

တဖန်၊“GRGI ဟာ၊ လူမှုအသိုင်းအဝန်းရဲ့ အကျိုးကျေးဇူးကို အမြဲရှေ့တန်းတင်ထား ပါ တယ်။ ဒီကာလမှာ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း၊ အရှိန်အဟုန်မြှင့်တင်ပြီး၊ ကြိုးပမ်းဆောင်ရွက်ထားပါတယ်။ တိုင်းပြည်တွင်းမှာ ၊ စီးပွားရေးနဲ့လူမှုရေး ကောင်းကျိုးတွေ အ တွက်၊နှစ်ပေါင်းများစွာ တည်ဆောက်ထားပြီးသားတွေဟာလည်း အင်မတန် များပြားပြီးဖြစ်ပေမယ့်၊ လက်တွဲပူးပေါင်းမှုတွေ၊ ပံ့ပိုးမှုတွေကို ယခင်ကထက်ပိုမိုဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ထား ပါတယ်။” ဟု အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Colaco ကိုထပ်‌လောင်း ပြောကြားသည်။

GRGI အနေနဲ့ တနှစ်ပတ်လုံးမှာ အလှူဒါနများ ဆောင်ရွက်နိုင်ပြီး၊ အများပြည်သူနဲ့ တသား တည်းရှိနေသည့် အတွက်ဂုဏ်ယူလျက်ရှိသည်။ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်ခံရသော လူမှု အသိုင်းအဝန်းများကို ရည်ရွယ်၍ လှူဒါန်းမှုများ ဆက်တိုက်ဆောင်ရွက်လျက်ရှိသည့် အတွက်လည်း ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ အတွက်၊ ရှေ့ဆောင်လမ်းပြဖြစ်မည်ဟုမျှော်လင့်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ခြင်းသည်လည်း၊ ဆက်စပ်လျက်ရှိသော၊ စီးပွားဖက်များ၊ စားသုံးသူများ၊ စီးပွားရေး ကဏ္ဍအတွင်းမှ လူမှုအသိုင်းအဝန်းများ၏ အားဖြည့်မှုများကြောင့်ဟု ယုံကြည်သည်။ စီးပွားရေး နှင့် လူမှုရေး ဂေဟစနစ်သည်၊ တစ်ခုစီသီးခြားရပ်တည်၍ မရနိုင်ပေ၊ စီးပွားရေး ကုမ္ပဏီများ၏ ဆောင် ရွက်ချက်များသည်၊ အမျိုးမျိုးသောလူမှုအသိုင်းအဝန်းများကို အကျိုးသက် ရောက်မှုများရှိ သည်ဟု ကုမ္ပဏီ ကယုံကြည်သည်။ သို့ပါ၍၊ GRGI ၏ လူမှုအသိုင်းအဝန်းများ၊ စားသုံးသူများ နှင့် ပါဝင် ပတ်သက်နေသူများ အားလုံးနှင့် ဆောင်ရွက်သော၊ အကျိုးပြုလုပ်ငန်းများ အားလုံးသည်၊ “နိုင်ငံ့သား ကောင်းစီးပွားရေးလုပ်ငန်း” အဖြစ်ရပ်တည်ရေးကို အစဥ်းအမြဲဦးတည်လျက်ရှိသည်။

ယခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင်၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ ၏ လမ်းညွှန်မှုနှင့် ကိုဗစ်-၁၉ ရောဂါဝေဒနာ၊ အပြင်းအထန်ခံစားရသူ လူနာအယောက် (၁၀၀) အား ကုသရန် ၊ အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သော COVIFOR ရမ်ဒီစီဗာ ထိုးဆေးအလုံးရည်ပေါင်း (၆၀၀) ကိုလည်း ၊ ဆေးသုတေသနဦးစီးဌာနသို့သွားရောက်လှူဒါန်းခဲ့သည်။ ထို့အပြင်၊ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ၏လမ်းညွှန်မှုအားခံယူလျက်၊ ပထမ လှိုင်း စတင်ကတည်းကပင်၊ လူထုအထောက်အပံ့အဖြစ်၊ မြန်မာကျပ်ငွေသိန်း (၅) ထောင်တန်ဖိုးရှိ သော၊ နိုင်ငံ့သားကောင်းလက်သန့်ဆေးရည်ဗူးပေါင်း (၂၀၀,၀၀၀) ကို နိုင်ငံတဝန်းရှိ၊ ဆေးရုံများ၊ ကွာရန်တင်းစင်တာများ၊ ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများ၊ ပရဟိတအဖွဲ့ အစည်းများ ကို လှူဒါန်းခဲ့သည်။

ယင်းလှူဒါန်းမှုအစုစုသည်၊ တတ်အားသ၍ လှူဒါန်းခြင်းဖြစ်သဖြင့်၊ ပမာဏအားဖြင့် များပြား သည်ဟု မဆိုနိုင်သော်လည်း၊ မိမိတို့ အများပြည်သူလိုအပ်နေသော အချိန်တွင်၊ ပံ့ပိုးရန်အတွက် အသင့်ရှိ ကြောင်းကတိကဝတ်ကို သက်သေထူလိုက်ခြင်းဖြစ်သည်။ GRGI နှင့် ၎င်း၏ဝန်ထမ်းများ အားလုံးသည်၊ ယခုကဲ့သို့ အထူးလိုအပ်သောအချိန်များတွင်၊ တစ်ဦးကိုယ်တစ်ဦး အမြဲကူညီရန် ယုံ ကြည်လျက် မြန်မာ့လူမှုအသိုင်းအဝန်း၏ တစိတ်တဒေသအဖြစ် ဂုဏ်ယူလျက်ရှိသည်။

ကုမ္ပဏီအနေနှင့်ပြည်တွင်း၌ ရှိသော လူမှုအသိုင်းအဝန်းတွင်မကပဲ, ပြည်ပထိုင်းနိုင်ငံတွင်၊ ‌ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော၊ မြန်မာပြည်သူအများ၊ COVID-19 ကာကွယ်‌နိုင်ရေးတွင်၊ အသုံးပြုရန်ရည်ရွယ်၍၊ GRGI ၏ ဒါရိုက်တာနှင့် အဓိက၊ ရင်းနှီးမြှပ်နှံ့သူ၊ အစုရှယ်ဝင် အပြည် ပြည် ဆိုင်ရာကုမ္ပဏ ဖြစ်သည့် Thai Beverage Public Company Limited မှ အမှုဆောင်အရာရှိချုပ်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr Polapatr Suvarnazorn ကဦးဆောင်ပြီး၊ COVID-19 တစ်ကိုယ်ရေ သုံးအကာအကွယ်ပစ္စည်းများဖြစ်သည့်၊ နှာခေါင်းစည်းအရေအတွက်စုစုပေါင်း (၂၀,၀၀၀) ခု၊ အ ရက်ပျံ ပမာဏ (၇၂) ရာခိုင်နှုန်းပါဝင်သော၊ အရက်ပျံ (၁၀၀) လီတာ နှင့် လက်သန့်ဆေးရည်ဂျဲလ်ဘူး (၂၀) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ၊ ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံသံရုံး၌၊ အသံအမတ်ကြီး ဦးမျိုးမြင့်သိန်း ထံသို့၊ ယခုလ (၁၅) ရက်နေ့ကပေးပို့လှူဒါန်းခဲ့သည်။
ယင်းသည်၊ မြန်မာလူထုကို ခက်ခဲသော အချိန်များတွင်၊ လက်တွဲဖော်အဖြစ် အတူရှိနေမည် ဖြစ်ကြောင်း ကတိကဝတ်ကို သက်သေထူလိုက်ခြင်းပင်ဖြစ်သည်။

ပူးတွဲပါ။
၁။GRGI ကုမ္ပဏီ အစုအဖွဲ့အကြောင်း
၂။ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်၏ ဓါတ်ပုံ
၃။ အမှုဆောင်အရာရှိချုပ်၊ Rahul Colaco ၏ ဓါတ်ပုံ
၄။ကုမ္ပဏီမကြာသေးခင်က လှူဒါန်းမှုများ
၅။ ThaiBev ၏ လှူဒါန်းခြင်း
၆။ ကုမ္ပဏီအနေနှင့် ရရှိထားသော ဆုများ

Grand Royal Group International Co.,Ltd (GRGI) donated (600) vials COVIFOR Remdesivir injections

Following the guidance of National Level Central Committee for Prevention, Control and Treatment of COVID-19 and Ministry of Health and Sport, to treat 100 critically infected patients , Grand Royal Group International Co.,Ltd (GRGI) donated (600) vials COVIFOR Remdesivir injections manufactured in India to the Department of Medical Research at “Donation Ceremony of Medical Supplies and Equipment for MoHs” held today.

GRGI has always been maintaining a high level of Corporate Social Responsibility (CSR) which will contribute to sustainable development by delivering economic, social and environmental benefits to all stakeholders, staff, customers and most importantly the people of Myanmar in line with their motto “Being A Good Corporate Citizen”.

Through National Level Central Committee for Prevention, Control and Treatment of COVID-19 and Ministry of Health and Sport, since the beginning of the first wave, as a show of support towards the people of Myanmar, the company donated 200,000 bottles of hand sanitizers worth of 500 million MMK, to the state and regional health department, public hospitals, Government Offices, Covid-19 Committees, Quarantine centers, Local Foundations,  Monasteries, Nunneries, Charities and local NGOs supporting the pandemic relief efforts.

GRGI is very proud and grateful for this opportunity and believe that their donation could contribute towards this important cause of making the nation stronger. 

Grand Royal Group International ကုမ္ပဏီလီမိတက် (GRGI) သည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါဝေဒနာ၊ အပြင်းအထန်ခံစားရသူ လူနာအယောက် (၁၀၀) ကို ကုသနိုင်ရန်အတွက်၊ အိန္ဒိယနိုင်ငံထုတ် COVIFOR ရမ်ဒီစီဗာ ထိုးဆေး အလုံးအရေအတွက်ပေါင်း (၆၀၀) ကို  ဆေးသုတေသနဦးစီးဌာနသို့ ယနေ့ ပြုလုပ်ကျင်းပသည့်  “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MoHS) သို့ ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်းသည့် အခမ်းအနား” တွင် လှူဒါန်းခဲ့ပါသည်။

GRGI အနေဖြင့် “တာဝန်ကျေပွန်သော မြန်မာ့သားကောင်းကုမ္ပဏီ ဖြစ်တည်ရေး” ဆောင်ပုဒ်နှင့်အညီ တိုင်းပြည်၏ စီးပွား‌ရေး၊ လူမှု‌ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍများ၊ ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်‌‌ရေးနှင့် ဂေဟစနစ်အတွင်းတွင် ပါဝင် ပတ်သက်နေသူများ၊ ဝန်ထမ်းများ၊ စာသုံးသူများနှင့် မြန်မာပြည်သူလူထုအကျိုးကို အ‌လေးထားကာ လူထုအကျိုးပြုလုပ်ငန်းများကို အရှိန်အဟုန်မြင့်တင် ဆောင်ရွက်လျှက်ရှိပါသည်။

GRGI သည် COVID-19 စတင်ဖြစ်ပွားချိန်၊ မတ်လပိုင်းက စတင်၍၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ ကြီးကြပ်လမ်းညွှန်မှုကို ခံယူကာ၊ လူထုအထောက်အပံ့အစီအစဥ်ဖြစ်၊ မြန်မာကျပ်ငွေ သိန်း (၅,၀၀၀) တန်ဖိုးရှိ၊ နိုင်ငံ့သားကောင်းအမှတ်တံဆိပ်၊ လက်သန့်ဆေးရည် (၅၀၀ မီလီလီတာ) ပမာဏပါရှိသော၊ လက်သန့်ဆေးရည်ဗူးပေါင်း (၂၀၀,၀၀၀) သိန်းကို  ထုတ်လုပ်ပြီး၊ နိုင်ငံတစ်ဝှမ်းရှိ အရေးတစ်ကြီး လိုအပ်သော ကျန်းမာရေးဦးစီးဌာနများ၊ ပြည်သူ့ဆေးရုံကြီးများ၊ အစိုးရအဖွဲ့ရုံးများ၊ COVID-19 ကော်မတီများ၊ Quarantine Center များ၊ Foundation များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် အခြားသော NGO အဖွဲ့အစည်းများသို့ ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ယခုလို နိုင်ငံတော်အတွက် ကျန်းမာ‌ရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည်တို့ အဖက်အဖက်အတွက် ပြည်လည်နလန်ထူရာမှာ အရေးကြီးသည့် အခန်းကဏ္ဍကနေ ပါဝင်လှူဒါန်းခွင့် ရသည့်အပေါ် GRGI အနေဖြင့် အင်မတန် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဖော်ပြအပ်ပါသည်။

Grand Royal Group International Co.,Ltd was awarded “Overall Best of the Best” under local organization

Grand Royal Group International Co.,Ltd (GRGI) is proud to announce that the company was awarded “Overall Best of the Best” under local organization category and another five categories under different areas of strength in Myanmar Employer Awards 2020 powered by Job Net Myanmar Co.,Ltd on 11 Dec 2020.

This is the third consecutive year of participation in MEA 2020 and the reason GRGI participated for Myanmar Employer Award is to be able to access HR success measures against counterparts in a friendly competitive platform and that prestigious recognition will definitely strengthen the company branding as both an employer and a business resulting perfect opportunity to let community know about our achievements.

GRGI competed for five categories of Myanmar Employer Awards 2020 and received awards in all five categories and awards are as followed;
Best Career Advancement Program (Gold)
Best Use of Rewards and Recognition (Gold)
Most Effective Recruitment Strategy for Talent Attraction (Gold)
Best Learning and Development Program (Silver)
Best CSR for Community Engagement (Silver).

This is truly one of the milestones accomplishments of the organization in this COVID-19 pandemic situation, taking challenges in 2020.

Grand Royal Group International Co.,Ltd သည် Job Net Myanmar က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၊ ၁၁ ရက်နေ့က ဦးစီးကြီးမှူးကျင်းပခဲ့သော မြန်မာနိုင်ငံရှိ မတူညီကွဲပြားသော၊ စီးပွားရေးလုပ်ငန်းများကြားတွင်၊ လုပ်ငန်းရှင်များ၏ ထူးချွန်မှုအပေါ် ဂုဏ်ပြုအသိအမှတ်ပြုသည့် Myanmar Employer Awards 2020 အခမ်းအနား၌ အလုံးစုံကဏ္ဍတွင် အကောင်းတကာ့ အကောင်းဆုံး ပြည်တွင်းအဖွဲ့ အစည်းအဖြစ် ဆုအပြင်၊ အခြားသော ဆုအမျိုးအစား (၅) ဆုဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါသည်။

GRGI အနေဖြင့် Myanmar Employer Award 2020 တွင်၊ တတိယအကြိမ်မြောက်ပါဝင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ ပါဝင်ယှဥ်ပြိုင်ခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ၊ ယှဥ်ပြိုင်မှု အားကောင်းသည့် HR လုပ်ငန်းနယ်ပယ်တွင်၊ အောင်မြင်မှုများ စိုက်ထူနိုင်ရန်၊ ဂုဏ်သိက္ခာရှိသော အသိအမှတ်ပြုခြင်းများဖြင့် ကုမ္ပဏီ၏ အမှတ်တံဆိပ်ကို ခိုင်မာစေရန်နှင့် အောင်မြင်မှုများကို ပြည်သူလူထုက သိရှိစေဖို့ အခွင့်အလမ်းကောင်းများ ရှိနေခြင်းတို့‌‌‌ကြောင့် ဖြစ်ပါသည်။
GRGI သည် ဆုအမျိုးအစား (၅) မျိုးအတွက် ပါ၀င်ယှဥ်ပြိုင်ခဲ့ရာ၊ အောက်ဖေါ်ပြပါ၊ ဆု (၅) ဆုကို ဂုဏ်ယူ၀မ်း‌မြောက်စွာဖြင့် ဆွတ်ခူးရရှိခဲ့ပြီး ဖြစ်ပါသည်။
၁) အကောင်းဆုံး အသက်မွေး၀မ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေ‌ရေး အစီအစဥ် (ပထမဆု)
၂) ဆုချီးမြှင့်ခြင်းနှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ အကောင်းဆုံး လက်တွေ့ကျင့်သုံးခြင်း (ပထမဆု)
၃) အလုပ်အကိုင် အခွင့်အလမ်းများအတွက် အလုပ်ခန့်အပ်ခေါ်ယူခြင်းဆိုင်ရာ နည်းဗျူဟာ၏ ထိရောက်မှုအရှိဆုံး (ပထမဆု)
၄) အကောင်းဆုံး လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဥ် (ဒုတိယဆု)
၅) လူထု အကျိုးပြုလုပ်ငန်းဆိုင်ရာ အကောင်းဆုံးထူးချွန်ဆု (ဒုတိယ)။

COVID-19 ကူးစက်ရောဂါအန္တရာယ်အခြေအနေဆိုးများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလအတွင်း၊ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခံရခြင်းသည် GRGI အတွက် ဂုဏ်ယူစရာ သမိုင်းမှတ်တိုင်များဖြစ်ပါကြောင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖော်ပြလိုက်ပါသည်။

The American Chamber of Commerce in Myanmar (AMCHAM Myanmar) honored Grand Royal Group International Co.,Ltd

The American Chamber of Commerce in Myanmar (AMCHAM Myanmar) honored Grand Royal Group International Co.,Ltd
Grand Royal Group International Co.,Ltd (GRGI) is proud to announce that the company has been recognized as “Gold Level” among the top corporate social responsibility program in 2020 powered by American Chamber of Commerce in Myanmar (AMCHAM).

This is truly one of the milestones accomplishments of the organization in this COVID-19 pandemic situation, taking challenges in 2020 and GRGI was given this AMCHAM CSR Excellence award consecutively in 2016, 2017, 2018, 2019 as well.

Grand Royal Group International Co.,Ltd (GRGI) has been leading the market for over 2 decades since 1995. GRGI has always maintained a high level of Corporate Social Responsibility (CSR) which will contribute to sustainable development by delivering economic, social and environmental benefits to all stakeholders, staff, customers and most importantly the people of Myanmar in line with their motto “Being A Good Corporate Citizen”.

American Chamber of Commerce in Myanmar (AMCHAM) အသင်းက ကြီးမှူးသည့် ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးလူမှုစောင့်ရှောက်ရေး အကျိုးပြုလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ထူးချွန်ဆု “AMCHAM CSR Excellence” ပေးအပ်ချီးမြှင့်ရာတွင်၊ Grand Royal Group International Co.,Ltd (GRGI) ကို “Gold Level” အဆင့်ထိ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုချီးမြှင့်ခဲ့ပါသည်။

COVID-19 ကူးစက်ရောဂါအန္တရာယ်အခြေအနေဆိုးများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလအတွင်း ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခံရခြင်းသည် GRGI အတွက် ဂုဏ်ယူစရာ သမိုင်းမှတ်တိုင်များဖြစ်ပြီး၊ ၄င်းဆုကို ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များတွင်လည်း အလားတူ ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖော်ပြလိုက်ပါသည်။

Grand Royal Group International Co., Ltd (GRGI) သည် အဖျော်ယမကာဈေးကွက်တွင် ၁၉၉၅ ခုနှစ်က စတင်ကာ ဆယ်စုနှစ် (၂) စုကျော်တိုင်အောင် ခိုင်မာစွာ ရပ်တည်လာနိုင်ခဲ့ပြီး ဖြစ်ပါသည်။ GRGI အနေဖြင့် ၎င်းနှင့် တိုက်ရိုက် ဆက်နွယ်ပတ်သက်နေသူများ၊ ဝန်ထမ်းများ၊ စားသုံးသူများနှင့် မြန်မာပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးခံစားခွင့်များကို ပြန်လည်ပေးစွမ်းနိုင်ရန်အတွက် လူမှုစောင့်ရှောက်ရေး အကျိုးပြုလုပ်ငန်းအစီအစဉ် (CSR) ကို “တာဝန်ကျေပွန်သော နိုင်ငံ့သားကောင်း ပီသရေး” ဆောင်ပုဒ်နှင့်အညီ အရှိန်အဟုန်မြှင့်တင်ကာ ဆောင်ရွက်လျှက်ရှိပါသည်။

Congratulation Hantharwaddy United F.C.

Grand Royal Group International Co.Ltd’s football club, Hantharwaddy United F.C. has ranked as place No 2 with a total 41 points in MPT Myanmar National League 2020 throughout the seasonal competitions. GRGI is proud to congratulate Hantharwaddy United F.C. for this very first time achievement in the history of the club.

“Grand Royal Group International Co.,Ltd ၏ ကိုယ်ပိုင်ဘောလုံးအသင်းဖြစ်သော ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၂၀ ပြည့်နှစ်၊ MPT Myanmar National League ပြိုင်ပွဲ၊ ကျင်းပပြီးစီးချိန်တွင် စုစုပေါင်း ရမှတ် (၄၁) မှတ်ရရှိခဲ့ပြီး၊ အမှတ်ပေးဇယားတွင် အဆင့်နံပါတ် (၂) ဖြစ် ရပ်တည်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ယခုကဲ့သို့ အသင်း၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံးကြိမ်အနေဖြင့် အအောင်မြင်ဆုံးကာလကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းအပေါ်  GRGI က အထူးဂုဏ်ယူ၊ ဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Best Company to Work in Myanmar 2020

Grand Royal Group International Co.,Ltd is proud to announce that the company has been awarded as one of the winners of “Best Companies to Work in Myanmar 2020, BCIM” powered by Job Net Myanmar Co.,Ltd. BCIM is a 100% online program of Employee Engagement Survey within 3 months window and it aims to gain a better insight of employee satisfaction level and provide measures to benchmark companies against the rest of the market in Myanmar. GRGI has participated for the first time in this BCIM 2020 program in order to witness the strengthening of the company branding as both an employer and a business mutually. This is one of the milestone accomplishments of GRGI in this COVID-19 pandemic situation, taking challenges in 2020.

Job Net Myanmar Co.,Ltd က ကြီးမှူးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွက် “မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ (Best Companies to Work in Myanmar 2020, BCIM) ဆု” ပေးအပ်ချီးမြှင့်ရာတွင် Grand Royal Group International Co.,Ltd သည်လည်း ဆုရကုမ္ပဏီတစ်ခုအနေဖြင့် အသိအမှတ်ပြုခြင်းခံခဲ့ရပြီးဖြစ်ကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖော်ပြလိုက်ပါသည်။ BCIM သည် (၁၀၀) ရာခိုင်နှုန်း အွန်လိုင်းစစ်တမ်းကောက်ယူမှုနည်းစနစ်ဖြင့် ကုမ္ပဏီအတွင်းရှိ ဝန်ထမ်းများကို (၃) လတာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး၊ ၄င်း၏ ရည်ရွယ်ချက်မှာ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ စိတ်ကျေနပ်မှုရရှိခြင်းအဆင့်နှင့် မြန်မာနိုင်ငံစျေးကွက်အတွင်းရှိ ကုမ္ပဏီများ၏ အမှတ်တံဆိပ်အားကောင်းမှုကို တိုင်းတာစိစစ်ပေးနိုင်ရန်ဖြစ်ပါသည်။ GRGI အနေဖြင့် လုပ်ငန်းရှင်နှင့် စီးပွားရေးလုပ်ငန်း ကဏ္ဍနှစ်ရပ်လုံးတွင် အပြန်အလှန် အားကောင်းမှုရှိသော ကုမ္ပဏီအမှတ်တံဆိပ်တစ်ခု ဖြစ်ကြောင်းကို သက်သေပြနိုင်ရန် ရည်ရွယ်ကာ ပထမဆုံးအကြိမ်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။ COVID-19 ကူးစက်ရောဂါအန္တရာယ် အခြေအနေ ဆိုးများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလအတွင်း ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းမှာ GRGI ကုမ္ပဏီ၏ သမိုင်းမှတ်တိုင်တစ်ခုပင်ဖြစ်ပါသည်။

Mid-Season Championship Hantharwaddy United F.C.

Grand Royal Group International’s own football club, Hantharwady United F.C. played against Yangon United F.C. in MPT Myanmar National League 2020, week 11 match held at Thuwanna Stadium on 26 Aug 2020. In that match, Hantharwaddy United F.C. defeated the opposing team (3-1) and ranked as place No 1 with 24 points in total. GRGI is proud to congratulate Hantharwaddy United F.C. to be a mid-season champion for the very first time in the history of the club.

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်နေ့၊ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပခဲ့သည့် MPT Myanmar National League ပြိုင်ပွဲ၊ ပွဲစဉ် (၁၁) တွင် GRGI ၏ ကိုယ်ပိုင်ဘောလုံးအသင်းဖြစ်သော ဟံသာဝတီယူနိုက်တက်အသင်း သည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ ကြပါသည်။ ထိုပွဲစဉ်တွင် ဟံသာဝတီယူနိုက်တက် အသင်း က ပြိုင်ဖက်အသင်း အား (၃) ဂိုး၊ (၁) ဂိုးဖြင့် အနိုင်ရယူနိုင်ခဲ့ပြီး၊ MNL ပွဲစဉ် (၁၁) အပြီးတွင် ရမှတ်ပေါင်း (၂၄) ဖြင့် အဆင့်နံပါတ် (၁) နေရာတွင် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။ ဟံသာဝတီအသင်း၏ သမိုင်းသက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ရာသီဝက် ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းအပေါ် Grand Royal Group International Co.,Ltd က အထူးဂုဏ်ယူမိပါကြောင်း ဖော်ပြအပ်ပါသည်။