Grand Royal Group International Co.,Ltd (GRGI) donated (600) vials COVIFOR Remdesivir injections

January 8, 2021

Following the guidance of National Level Central Committee for Prevention, Control and Treatment of COVID-19 and Ministry of Health and Sport, to treat 100 critically infected patients , Grand Royal Group International Co.,Ltd (GRGI) donated (600) vials COVIFOR Remdesivir injections manufactured in India to the Department of Medical Research at “Donation Ceremony of Medical Supplies and Equipment for MoHs” held today.

GRGI has always been maintaining a high level of Corporate Social Responsibility (CSR) which will contribute to sustainable development by delivering economic, social and environmental benefits to all stakeholders, staff, customers and most importantly the people of Myanmar in line with their motto “Being A Good Corporate Citizen”.

Through National Level Central Committee for Prevention, Control and Treatment of COVID-19 and Ministry of Health and Sport, since the beginning of the first wave, as a show of support towards the people of Myanmar, the company donated 200,000 bottles of hand sanitizers worth of 500 million MMK, to the state and regional health department, public hospitals, Government Offices, Covid-19 Committees, Quarantine centers, Local Foundations,  Monasteries, Nunneries, Charities and local NGOs supporting the pandemic relief efforts.

GRGI is very proud and grateful for this opportunity and believe that their donation could contribute towards this important cause of making the nation stronger. 

Grand Royal Group International ကုမ္ပဏီလီမိတက် (GRGI) သည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါဝေဒနာ၊ အပြင်းအထန်ခံစားရသူ လူနာအယောက် (၁၀၀) ကို ကုသနိုင်ရန်အတွက်၊ အိန္ဒိယနိုင်ငံထုတ် COVIFOR ရမ်ဒီစီဗာ ထိုးဆေး အလုံးအရေအတွက်ပေါင်း (၆၀၀) ကို  ဆေးသုတေသနဦးစီးဌာနသို့ ယနေ့ ပြုလုပ်ကျင်းပသည့်  “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MoHS) သို့ ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်းသည့် အခမ်းအနား” တွင် လှူဒါန်းခဲ့ပါသည်။

GRGI အနေဖြင့် “တာဝန်ကျေပွန်သော မြန်မာ့သားကောင်းကုမ္ပဏီ ဖြစ်တည်ရေး” ဆောင်ပုဒ်နှင့်အညီ တိုင်းပြည်၏ စီးပွား‌ရေး၊ လူမှု‌ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍများ၊ ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်‌‌ရေးနှင့် ဂေဟစနစ်အတွင်းတွင် ပါဝင် ပတ်သက်နေသူများ၊ ဝန်ထမ်းများ၊ စာသုံးသူများနှင့် မြန်မာပြည်သူလူထုအကျိုးကို အ‌လေးထားကာ လူထုအကျိုးပြုလုပ်ငန်းများကို အရှိန်အဟုန်မြင့်တင် ဆောင်ရွက်လျှက်ရှိပါသည်။

GRGI သည် COVID-19 စတင်ဖြစ်ပွားချိန်၊ မတ်လပိုင်းက စတင်၍၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ ကြီးကြပ်လမ်းညွှန်မှုကို ခံယူကာ၊ လူထုအထောက်အပံ့အစီအစဥ်ဖြစ်၊ မြန်မာကျပ်ငွေ သိန်း (၅,၀၀၀) တန်ဖိုးရှိ၊ နိုင်ငံ့သားကောင်းအမှတ်တံဆိပ်၊ လက်သန့်ဆေးရည် (၅၀၀ မီလီလီတာ) ပမာဏပါရှိသော၊ လက်သန့်ဆေးရည်ဗူးပေါင်း (၂၀၀,၀၀၀) သိန်းကို  ထုတ်လုပ်ပြီး၊ နိုင်ငံတစ်ဝှမ်းရှိ အရေးတစ်ကြီး လိုအပ်သော ကျန်းမာရေးဦးစီးဌာနများ၊ ပြည်သူ့ဆေးရုံကြီးများ၊ အစိုးရအဖွဲ့ရုံးများ၊ COVID-19 ကော်မတီများ၊ Quarantine Center များ၊ Foundation များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် အခြားသော NGO အဖွဲ့အစည်းများသို့ ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ယခုလို နိုင်ငံတော်အတွက် ကျန်းမာ‌ရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည်တို့ အဖက်အဖက်အတွက် ပြည်လည်နလန်ထူရာမှာ အရေးကြီးသည့် အခန်းကဏ္ဍကနေ ပါဝင်လှူဒါန်းခွင့် ရသည့်အပေါ် GRGI အနေဖြင့် အင်မတန် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဖော်ပြအပ်ပါသည်။