Grand Royal Group International ကုမ္ပဏီ အစုအဖွဲ့က ကျပ်သိန်း (၂,၀၀၀) အား ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် လှူဒါန်းကြောင်းကြေညာ၍ “STOP COVID-19 YELLOW CAMPAIGN”လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်

January 22, 2021

Grand Royal Group International (GRGI) သည်၊ မြန်မာနိုင်ငံတွင်၊ နာမည်ကျော် ဝီစကီ အမှတ်တံဆိပ်များကို ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင်၊ ကုမ္ပဏီ တည် ထောင်ခြင်း (၂၅) နှစ်ပြည့်၊ ငွေရတုနှစ်ပတ်လည်ကို ဆင်နွှဲခဲ့ပြီးဖြစ်သည်။ နှစ်ပေါင်း (၂၅) နှစ်ကြာ၊ အ တွေ့အကြုံများကြောင့်၊ မြန်မာပြည်တွင်းယမကာထုတ်လုပ်ခြင်းကဏ္ဍတွင် ဦးဆောင်နိုင်ခြင်းကို အ များအသိအမှတ်ပြုထားခြင်းလည်းခံရသည်။ နိုင်ငံတွင်းမှာဆုတံဆိပ်များသာမက၊ အပြည်ပြည်ဆိုင် ရာက အသိအမှတ်ပြုသော၊ ထိတ်တန်း ဝီစကီအမှတ်တံဆိပ်များတွင်၊ အကောင်းဆုံး ဝီစကီ (၂၀) အတွင်းတွင်ပါဝင်ခဲ့သည်။

Grand Royal Group International (GRGI) ကုမ္ပဏီအနေနှင့် ကုမ္ပဏီတည်ထောင်ခြင်း (၂၅) နှစ်မြောက်၊ ငွေရတုအထိမ်းအမှတ်၊ အနေနှင့်၊ မြန်မာကျပ်ငွေ သိန်း (၂,၀၀၀) တိတိကို၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ သို့ UMFCCI အသင်းကြီးမှတဆင့်လှူဒါန်းထားပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်သည့် “STOP COVID-19 Yellow Campaign” လှုပ်ရှား မှုတွင် ဂုဏ်ယူ ဝမ်းမြောက်စွာပူးပေါင်းပါဝင်လိုက်သည်။ “ကျွန်တော်တို့ ကိုဗစ်ကာကွယ်ဆေး လှူ ဒါန်းတဲ့ ရန်ပုံငွေတွေဟာ ဝန်ထမ်းတစ်ဦးတစ်ချင်းစီက ၊ အားတက်သရောလှူဒါန်းထားတဲ့ အလှူဒါန ဖြစ်ပြီး၊ စုစုပေါင်းပမာဏပေါ်မှာမှ ကုမ္ပဏီဖက်က ထပ်မံအားဖြည့်လှူဒါန်းထားတဲ့ အလှူပမာဏဖြစ် ပါတယ်။ ဒီစုပေါင်းအလှူဒါနအတွက်၊ ကျွန်တော်တို့ဝန်ထမ်းတွေရော၊ အုပ်ချုပ်မှုပိုင်းအတွက်ပါ အ ထူးဝမ်း‌မြောက်ဂုဏ်ယူရပါတယ်။” ဟုကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ GRGI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Rahul Colaco ကပြောကြားသည်။

GRGI ၏ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်က၊ “အခုလို၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ၊တစ်ဦး ကိုတစ်ဦး သတိပေးရေး၊ အဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခွင့်ရတဲ့အတွက်ရော၊ ကျွန်တော်တို့ကုမ္ပဏီ (၂၅) မြောက်၊ ငွေရတု အထိမ်းအမှတ်အဖြစ် ၊ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့အလှူဒါနကို တင်ပြခွင့် ရတဲ့အတွက်၊ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်း‌‌‌ဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန် တိုင်းကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ‌ဒေါက်တာ ဦးထွန်းမြင့်နဲ့ တာဝန်ရှိ သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ STOP COVID-19 Yellow Campaign၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ တစ်ဦးကိုတစ်ဦးသတိပေးရေး၊ အဝါရောင်လှုပ်ရှားမှုဟာ၊ ကျွန်တော်တို့လို နိုင်ငံ တော်ရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍအတွင်းက စီးပွား‌ရေးတွေ အနေနဲ့၊ တထောင့်တနေရာကနေပြီး၊ New Normalနဲ့ အတူတူ ကုန်ထုတ်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ အင်မတန်အထောက် အကူ ဖြစ်ပါတယ်။ ဒီကပ်ရောဂါဆိုးကြီးကြောင့်၊ အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးသူ အပေါင်း (၃,၀၀၀) ခန့် နဲ့ ရောဂါကူးဆက်ခံရသူဦးရေ (၁၃၅,၀၀၀) ခန့်ရှိနေလို့၊ မဖေါ်ပြနိုင်လောက် အောင်စိတ်ဆင်းရဲစရာကောင်းပါတယ်။ ကမ္ဘာနဲ့ယှဥ်ကြည့်ရင်တော့၊ ကမ္ဘာနဲ့အဝန်း အသက်ဆုံးရှုံးသူ ပေါင်း (၂) သန်းကျော်နဲ့ ၊ ရောဂါကူးစက်ခံရသူဦးရေ သန်း (၉၀) ကျော်ရှိလို့၊ ကျွန်တော်တို့ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အချိန်မီကြိုးပမ်းကာကွယ်၊ ထိန်းချုပ်ထားကြတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်။သို့ပါသော်လည်း၊ ကျွန်တော်တို့ ပြည်တွင်းမှာ စီးပွားရေးအခက်အခဲများစွာနဲ့ ရင် ဆိုင်ကြုံတွေ့နေကြရပြီး၊ လူသန်းပေါင်းများစွာကို အကျိုးသက်ရောက်နေပါတယ်။ ဒါကြောင့် စာနာ ထောက်ထားသောအားဖြင့်၊ ကျွန်တော်တို့တတ်အားသ၍ လှူဒါန်းတာတွေဟာလည်း၊ ဒီ ရောဂါပိုးကို တိုက်ဖျက်နိုင်ဖို့အတွက် အများပြည်သူကို အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟုဆိုသည်။

တဖန်၊“GRGI ဟာ၊ လူမှုအသိုင်းအဝန်းရဲ့ အကျိုးကျေးဇူးကို အမြဲရှေ့တန်းတင်ထား ပါ တယ်။ ဒီကာလမှာ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း၊ အရှိန်အဟုန်မြှင့်တင်ပြီး၊ ကြိုးပမ်းဆောင်ရွက်ထားပါတယ်။ တိုင်းပြည်တွင်းမှာ ၊ စီးပွားရေးနဲ့လူမှုရေး ကောင်းကျိုးတွေ အ တွက်၊နှစ်ပေါင်းများစွာ တည်ဆောက်ထားပြီးသားတွေဟာလည်း အင်မတန် များပြားပြီးဖြစ်ပေမယ့်၊ လက်တွဲပူးပေါင်းမှုတွေ၊ ပံ့ပိုးမှုတွေကို ယခင်ကထက်ပိုမိုဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ထား ပါတယ်။” ဟု အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Colaco ကိုထပ်‌လောင်း ပြောကြားသည်။

GRGI အနေနဲ့ တနှစ်ပတ်လုံးမှာ အလှူဒါနများ ဆောင်ရွက်နိုင်ပြီး၊ အများပြည်သူနဲ့ တသား တည်းရှိနေသည့် အတွက်ဂုဏ်ယူလျက်ရှိသည်။ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်ခံရသော လူမှု အသိုင်းအဝန်းများကို ရည်ရွယ်၍ လှူဒါန်းမှုများ ဆက်တိုက်ဆောင်ရွက်လျက်ရှိသည့် အတွက်လည်း ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ အတွက်၊ ရှေ့ဆောင်လမ်းပြဖြစ်မည်ဟုမျှော်လင့်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ခြင်းသည်လည်း၊ ဆက်စပ်လျက်ရှိသော၊ စီးပွားဖက်များ၊ စားသုံးသူများ၊ စီးပွားရေး ကဏ္ဍအတွင်းမှ လူမှုအသိုင်းအဝန်းများ၏ အားဖြည့်မှုများကြောင့်ဟု ယုံကြည်သည်။ စီးပွားရေး နှင့် လူမှုရေး ဂေဟစနစ်သည်၊ တစ်ခုစီသီးခြားရပ်တည်၍ မရနိုင်ပေ၊ စီးပွားရေး ကုမ္ပဏီများ၏ ဆောင် ရွက်ချက်များသည်၊ အမျိုးမျိုးသောလူမှုအသိုင်းအဝန်းများကို အကျိုးသက် ရောက်မှုများရှိ သည်ဟု ကုမ္ပဏီ ကယုံကြည်သည်။ သို့ပါ၍၊ GRGI ၏ လူမှုအသိုင်းအဝန်းများ၊ စားသုံးသူများ နှင့် ပါဝင် ပတ်သက်နေသူများ အားလုံးနှင့် ဆောင်ရွက်သော၊ အကျိုးပြုလုပ်ငန်းများ အားလုံးသည်၊ “နိုင်ငံ့သား ကောင်းစီးပွားရေးလုပ်ငန်း” အဖြစ်ရပ်တည်ရေးကို အစဥ်းအမြဲဦးတည်လျက်ရှိသည်။

ယခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင်၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ ၏ လမ်းညွှန်မှုနှင့် ကိုဗစ်-၁၉ ရောဂါဝေဒနာ၊ အပြင်းအထန်ခံစားရသူ လူနာအယောက် (၁၀၀) အား ကုသရန် ၊ အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သော COVIFOR ရမ်ဒီစီဗာ ထိုးဆေးအလုံးရည်ပေါင်း (၆၀၀) ကိုလည်း ၊ ဆေးသုတေသနဦးစီးဌာနသို့သွားရောက်လှူဒါန်းခဲ့သည်။ ထို့အပြင်၊ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ၏လမ်းညွှန်မှုအားခံယူလျက်၊ ပထမ လှိုင်း စတင်ကတည်းကပင်၊ လူထုအထောက်အပံ့အဖြစ်၊ မြန်မာကျပ်ငွေသိန်း (၅) ထောင်တန်ဖိုးရှိ သော၊ နိုင်ငံ့သားကောင်းလက်သန့်ဆေးရည်ဗူးပေါင်း (၂၀၀,၀၀၀) ကို နိုင်ငံတဝန်းရှိ၊ ဆေးရုံများ၊ ကွာရန်တင်းစင်တာများ၊ ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများ၊ ပရဟိတအဖွဲ့ အစည်းများ ကို လှူဒါန်းခဲ့သည်။

ယင်းလှူဒါန်းမှုအစုစုသည်၊ တတ်အားသ၍ လှူဒါန်းခြင်းဖြစ်သဖြင့်၊ ပမာဏအားဖြင့် များပြား သည်ဟု မဆိုနိုင်သော်လည်း၊ မိမိတို့ အများပြည်သူလိုအပ်နေသော အချိန်တွင်၊ ပံ့ပိုးရန်အတွက် အသင့်ရှိ ကြောင်းကတိကဝတ်ကို သက်သေထူလိုက်ခြင်းဖြစ်သည်။ GRGI နှင့် ၎င်း၏ဝန်ထမ်းများ အားလုံးသည်၊ ယခုကဲ့သို့ အထူးလိုအပ်သောအချိန်များတွင်၊ တစ်ဦးကိုယ်တစ်ဦး အမြဲကူညီရန် ယုံ ကြည်လျက် မြန်မာ့လူမှုအသိုင်းအဝန်း၏ တစိတ်တဒေသအဖြစ် ဂုဏ်ယူလျက်ရှိသည်။

ကုမ္ပဏီအနေနှင့်ပြည်တွင်း၌ ရှိသော လူမှုအသိုင်းအဝန်းတွင်မကပဲ, ပြည်ပထိုင်းနိုင်ငံတွင်၊ ‌ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော၊ မြန်မာပြည်သူအများ၊ COVID-19 ကာကွယ်‌နိုင်ရေးတွင်၊ အသုံးပြုရန်ရည်ရွယ်၍၊ GRGI ၏ ဒါရိုက်တာနှင့် အဓိက၊ ရင်းနှီးမြှပ်နှံ့သူ၊ အစုရှယ်ဝင် အပြည် ပြည် ဆိုင်ရာကုမ္ပဏ ဖြစ်သည့် Thai Beverage Public Company Limited မှ အမှုဆောင်အရာရှိချုပ်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr Polapatr Suvarnazorn ကဦးဆောင်ပြီး၊ COVID-19 တစ်ကိုယ်ရေ သုံးအကာအကွယ်ပစ္စည်းများဖြစ်သည့်၊ နှာခေါင်းစည်းအရေအတွက်စုစုပေါင်း (၂၀,၀၀၀) ခု၊ အ ရက်ပျံ ပမာဏ (၇၂) ရာခိုင်နှုန်းပါဝင်သော၊ အရက်ပျံ (၁၀၀) လီတာ နှင့် လက်သန့်ဆေးရည်ဂျဲလ်ဘူး (၂၀) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ၊ ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံသံရုံး၌၊ အသံအမတ်ကြီး ဦးမျိုးမြင့်သိန်း ထံသို့၊ ယခုလ (၁၅) ရက်နေ့ကပေးပို့လှူဒါန်းခဲ့သည်။
ယင်းသည်၊ မြန်မာလူထုကို ခက်ခဲသော အချိန်များတွင်၊ လက်တွဲဖော်အဖြစ် အတူရှိနေမည် ဖြစ်ကြောင်း ကတိကဝတ်ကို သက်သေထူလိုက်ခြင်းပင်ဖြစ်သည်။

ပူးတွဲပါ။
၁။GRGI ကုမ္ပဏီ အစုအဖွဲ့အကြောင်း
၂။ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်၏ ဓါတ်ပုံ
၃။ အမှုဆောင်အရာရှိချုပ်၊ Rahul Colaco ၏ ဓါတ်ပုံ
၄။ကုမ္ပဏီမကြာသေးခင်က လှူဒါန်းမှုများ
၅။ ThaiBev ၏ လှူဒါန်းခြင်း
၆။ ကုမ္ပဏီအနေနှင့် ရရှိထားသော ဆုများ