Grand Royal Group International Co.,Ltd was awarded “Overall Best of the Best” under local organization

December 15, 2020

Grand Royal Group International Co.,Ltd (GRGI) is proud to announce that the company was awarded “Overall Best of the Best” under local organization category and another five categories under different areas of strength in Myanmar Employer Awards 2020 powered by Job Net Myanmar Co.,Ltd on 11 Dec 2020.

This is the third consecutive year of participation in MEA 2020 and the reason GRGI participated for Myanmar Employer Award is to be able to access HR success measures against counterparts in a friendly competitive platform and that prestigious recognition will definitely strengthen the company branding as both an employer and a business resulting perfect opportunity to let community know about our achievements.

GRGI competed for five categories of Myanmar Employer Awards 2020 and received awards in all five categories and awards are as followed;
Best Career Advancement Program (Gold)
Best Use of Rewards and Recognition (Gold)
Most Effective Recruitment Strategy for Talent Attraction (Gold)
Best Learning and Development Program (Silver)
Best CSR for Community Engagement (Silver).

This is truly one of the milestones accomplishments of the organization in this COVID-19 pandemic situation, taking challenges in 2020.

Grand Royal Group International Co.,Ltd သည် Job Net Myanmar က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၊ ၁၁ ရက်နေ့က ဦးစီးကြီးမှူးကျင်းပခဲ့သော မြန်မာနိုင်ငံရှိ မတူညီကွဲပြားသော၊ စီးပွားရေးလုပ်ငန်းများကြားတွင်၊ လုပ်ငန်းရှင်များ၏ ထူးချွန်မှုအပေါ် ဂုဏ်ပြုအသိအမှတ်ပြုသည့် Myanmar Employer Awards 2020 အခမ်းအနား၌ အလုံးစုံကဏ္ဍတွင် အကောင်းတကာ့ အကောင်းဆုံး ပြည်တွင်းအဖွဲ့ အစည်းအဖြစ် ဆုအပြင်၊ အခြားသော ဆုအမျိုးအစား (၅) ဆုဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါသည်။

GRGI အနေဖြင့် Myanmar Employer Award 2020 တွင်၊ တတိယအကြိမ်မြောက်ပါဝင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ ပါဝင်ယှဥ်ပြိုင်ခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ၊ ယှဥ်ပြိုင်မှု အားကောင်းသည့် HR လုပ်ငန်းနယ်ပယ်တွင်၊ အောင်မြင်မှုများ စိုက်ထူနိုင်ရန်၊ ဂုဏ်သိက္ခာရှိသော အသိအမှတ်ပြုခြင်းများဖြင့် ကုမ္ပဏီ၏ အမှတ်တံဆိပ်ကို ခိုင်မာစေရန်နှင့် အောင်မြင်မှုများကို ပြည်သူလူထုက သိရှိစေဖို့ အခွင့်အလမ်းကောင်းများ ရှိနေခြင်းတို့‌‌‌ကြောင့် ဖြစ်ပါသည်။
GRGI သည် ဆုအမျိုးအစား (၅) မျိုးအတွက် ပါ၀င်ယှဥ်ပြိုင်ခဲ့ရာ၊ အောက်ဖေါ်ပြပါ၊ ဆု (၅) ဆုကို ဂုဏ်ယူ၀မ်း‌မြောက်စွာဖြင့် ဆွတ်ခူးရရှိခဲ့ပြီး ဖြစ်ပါသည်။
၁) အကောင်းဆုံး အသက်မွေး၀မ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေ‌ရေး အစီအစဥ် (ပထမဆု)
၂) ဆုချီးမြှင့်ခြင်းနှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ အကောင်းဆုံး လက်တွေ့ကျင့်သုံးခြင်း (ပထမဆု)
၃) အလုပ်အကိုင် အခွင့်အလမ်းများအတွက် အလုပ်ခန့်အပ်ခေါ်ယူခြင်းဆိုင်ရာ နည်းဗျူဟာ၏ ထိရောက်မှုအရှိဆုံး (ပထမဆု)
၄) အကောင်းဆုံး လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဥ် (ဒုတိယဆု)
၅) လူထု အကျိုးပြုလုပ်ငန်းဆိုင်ရာ အကောင်းဆုံးထူးချွန်ဆု (ဒုတိယ)။

COVID-19 ကူးစက်ရောဂါအန္တရာယ်အခြေအနေဆိုးများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလအတွင်း၊ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခံရခြင်းသည် GRGI အတွက် ဂုဏ်ယူစရာ သမိုင်းမှတ်တိုင်များဖြစ်ပါကြောင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖော်ပြလိုက်ပါသည်။