Grand Royal Group International ကုမ္ပဏီ အစုအဖွဲ့က ကျပ်သိန်း (၂,၀၀၀) အား ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် လှူဒါန်းကြောင်းကြေညာ၍ “STOP COVID-19 YELLOW CAMPAIGN”လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်

Grand Royal Group International (GRGI) သည်၊ မြန်မာနိုင်ငံတွင်၊ နာမည်ကျော် ဝီစကီ အမှတ်တံဆိပ်များကို ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင်၊ ကုမ္ပဏီ တည် ထောင်ခြင်း (၂၅) နှစ်ပြည့်၊ ငွေရတုနှစ်ပတ်လည်ကို ဆင်နွှဲခဲ့ပြီးဖြစ်သည်။ နှစ်ပေါင်း (၂၅) နှစ်ကြာ၊ အ တွေ့အကြုံများကြောင့်၊ မြန်မာပြည်တွင်းယမကာထုတ်လုပ်ခြင်းကဏ္ဍတွင် ဦးဆောင်နိုင်ခြင်းကို အ များအသိအမှတ်ပြုထားခြင်းလည်းခံရသည်။ နိုင်ငံတွင်းမှာဆုတံဆိပ်များသာမက၊ အပြည်ပြည်ဆိုင် ရာက အသိအမှတ်ပြုသော၊ ထိတ်တန်း ဝီစကီအမှတ်တံဆိပ်များတွင်၊ အကောင်းဆုံး ဝီစကီ (၂၀) အတွင်းတွင်ပါဝင်ခဲ့သည်။

Grand Royal Group International (GRGI) ကုမ္ပဏီအနေနှင့် ကုမ္ပဏီတည်ထောင်ခြင်း (၂၅) နှစ်မြောက်၊ ငွေရတုအထိမ်းအမှတ်၊ အနေနှင့်၊ မြန်မာကျပ်ငွေ သိန်း (၂,၀၀၀) တိတိကို၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ သို့ UMFCCI အသင်းကြီးမှတဆင့်လှူဒါန်းထားပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်သည့် “STOP COVID-19 Yellow Campaign” လှုပ်ရှား မှုတွင် ဂုဏ်ယူ ဝမ်းမြောက်စွာပူးပေါင်းပါဝင်လိုက်သည်။ “ကျွန်တော်တို့ ကိုဗစ်ကာကွယ်ဆေး လှူ ဒါန်းတဲ့ ရန်ပုံငွေတွေဟာ ဝန်ထမ်းတစ်ဦးတစ်ချင်းစီက ၊ အားတက်သရောလှူဒါန်းထားတဲ့ အလှူဒါန ဖြစ်ပြီး၊ စုစုပေါင်းပမာဏပေါ်မှာမှ ကုမ္ပဏီဖက်က ထပ်မံအားဖြည့်လှူဒါန်းထားတဲ့ အလှူပမာဏဖြစ် ပါတယ်။ ဒီစုပေါင်းအလှူဒါနအတွက်၊ ကျွန်တော်တို့ဝန်ထမ်းတွေရော၊ အုပ်ချုပ်မှုပိုင်းအတွက်ပါ အ ထူးဝမ်း‌မြောက်ဂုဏ်ယူရပါတယ်။” ဟုကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ GRGI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Rahul Colaco ကပြောကြားသည်။

GRGI ၏ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်က၊ “အခုလို၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ၊တစ်ဦး ကိုတစ်ဦး သတိပေးရေး၊ အဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခွင့်ရတဲ့အတွက်ရော၊ ကျွန်တော်တို့ကုမ္ပဏီ (၂၅) မြောက်၊ ငွေရတု အထိမ်းအမှတ်အဖြစ် ၊ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့အလှူဒါနကို တင်ပြခွင့် ရတဲ့အတွက်၊ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်း‌‌‌ဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန် တိုင်းကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ‌ဒေါက်တာ ဦးထွန်းမြင့်နဲ့ တာဝန်ရှိ သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ STOP COVID-19 Yellow Campaign၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ တစ်ဦးကိုတစ်ဦးသတိပေးရေး၊ အဝါရောင်လှုပ်ရှားမှုဟာ၊ ကျွန်တော်တို့လို နိုင်ငံ တော်ရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍအတွင်းက စီးပွား‌ရေးတွေ အနေနဲ့၊ တထောင့်တနေရာကနေပြီး၊ New Normalနဲ့ အတူတူ ကုန်ထုတ်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ အင်မတန်အထောက် အကူ ဖြစ်ပါတယ်။ ဒီကပ်ရောဂါဆိုးကြီးကြောင့်၊ အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးသူ အပေါင်း (၃,၀၀၀) ခန့် နဲ့ ရောဂါကူးဆက်ခံရသူဦးရေ (၁၃၅,၀၀၀) ခန့်ရှိနေလို့၊ မဖေါ်ပြနိုင်လောက် အောင်စိတ်ဆင်းရဲစရာကောင်းပါတယ်။ ကမ္ဘာနဲ့ယှဥ်ကြည့်ရင်တော့၊ ကမ္ဘာနဲ့အဝန်း အသက်ဆုံးရှုံးသူ ပေါင်း (၂) သန်းကျော်နဲ့ ၊ ရောဂါကူးစက်ခံရသူဦးရေ သန်း (၉၀) ကျော်ရှိလို့၊ ကျွန်တော်တို့ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အချိန်မီကြိုးပမ်းကာကွယ်၊ ထိန်းချုပ်ထားကြတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်။သို့ပါသော်လည်း၊ ကျွန်တော်တို့ ပြည်တွင်းမှာ စီးပွားရေးအခက်အခဲများစွာနဲ့ ရင် ဆိုင်ကြုံတွေ့နေကြရပြီး၊ လူသန်းပေါင်းများစွာကို အကျိုးသက်ရောက်နေပါတယ်။ ဒါကြောင့် စာနာ ထောက်ထားသောအားဖြင့်၊ ကျွန်တော်တို့တတ်အားသ၍ လှူဒါန်းတာတွေဟာလည်း၊ ဒီ ရောဂါပိုးကို တိုက်ဖျက်နိုင်ဖို့အတွက် အများပြည်သူကို အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟုဆိုသည်။

တဖန်၊“GRGI ဟာ၊ လူမှုအသိုင်းအဝန်းရဲ့ အကျိုးကျေးဇူးကို အမြဲရှေ့တန်းတင်ထား ပါ တယ်။ ဒီကာလမှာ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း၊ အရှိန်အဟုန်မြှင့်တင်ပြီး၊ ကြိုးပမ်းဆောင်ရွက်ထားပါတယ်။ တိုင်းပြည်တွင်းမှာ ၊ စီးပွားရေးနဲ့လူမှုရေး ကောင်းကျိုးတွေ အ တွက်၊နှစ်ပေါင်းများစွာ တည်ဆောက်ထားပြီးသားတွေဟာလည်း အင်မတန် များပြားပြီးဖြစ်ပေမယ့်၊ လက်တွဲပူးပေါင်းမှုတွေ၊ ပံ့ပိုးမှုတွေကို ယခင်ကထက်ပိုမိုဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ထား ပါတယ်။” ဟု အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Colaco ကိုထပ်‌လောင်း ပြောကြားသည်။

GRGI အနေနဲ့ တနှစ်ပတ်လုံးမှာ အလှူဒါနများ ဆောင်ရွက်နိုင်ပြီး၊ အများပြည်သူနဲ့ တသား တည်းရှိနေသည့် အတွက်ဂုဏ်ယူလျက်ရှိသည်။ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်ခံရသော လူမှု အသိုင်းအဝန်းများကို ရည်ရွယ်၍ လှူဒါန်းမှုများ ဆက်တိုက်ဆောင်ရွက်လျက်ရှိသည့် အတွက်လည်း ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ အတွက်၊ ရှေ့ဆောင်လမ်းပြဖြစ်မည်ဟုမျှော်လင့်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ခြင်းသည်လည်း၊ ဆက်စပ်လျက်ရှိသော၊ စီးပွားဖက်များ၊ စားသုံးသူများ၊ စီးပွားရေး ကဏ္ဍအတွင်းမှ လူမှုအသိုင်းအဝန်းများ၏ အားဖြည့်မှုများကြောင့်ဟု ယုံကြည်သည်။ စီးပွားရေး နှင့် လူမှုရေး ဂေဟစနစ်သည်၊ တစ်ခုစီသီးခြားရပ်တည်၍ မရနိုင်ပေ၊ စီးပွားရေး ကုမ္ပဏီများ၏ ဆောင် ရွက်ချက်များသည်၊ အမျိုးမျိုးသောလူမှုအသိုင်းအဝန်းများကို အကျိုးသက် ရောက်မှုများရှိ သည်ဟု ကုမ္ပဏီ ကယုံကြည်သည်။ သို့ပါ၍၊ GRGI ၏ လူမှုအသိုင်းအဝန်းများ၊ စားသုံးသူများ နှင့် ပါဝင် ပတ်သက်နေသူများ အားလုံးနှင့် ဆောင်ရွက်သော၊ အကျိုးပြုလုပ်ငန်းများ အားလုံးသည်၊ “နိုင်ငံ့သား ကောင်းစီးပွားရေးလုပ်ငန်း” အဖြစ်ရပ်တည်ရေးကို အစဥ်းအမြဲဦးတည်လျက်ရှိသည်။

ယခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင်၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ ၏ လမ်းညွှန်မှုနှင့် ကိုဗစ်-၁၉ ရောဂါဝေဒနာ၊ အပြင်းအထန်ခံစားရသူ လူနာအယောက် (၁၀၀) အား ကုသရန် ၊ အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သော COVIFOR ရမ်ဒီစီဗာ ထိုးဆေးအလုံးရည်ပေါင်း (၆၀၀) ကိုလည်း ၊ ဆေးသုတေသနဦးစီးဌာနသို့သွားရောက်လှူဒါန်းခဲ့သည်။ ထို့အပြင်၊ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ၏လမ်းညွှန်မှုအားခံယူလျက်၊ ပထမ လှိုင်း စတင်ကတည်းကပင်၊ လူထုအထောက်အပံ့အဖြစ်၊ မြန်မာကျပ်ငွေသိန်း (၅) ထောင်တန်ဖိုးရှိ သော၊ နိုင်ငံ့သားကောင်းလက်သန့်ဆေးရည်ဗူးပေါင်း (၂၀၀,၀၀၀) ကို နိုင်ငံတဝန်းရှိ၊ ဆေးရုံများ၊ ကွာရန်တင်းစင်တာများ၊ ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများ၊ ပရဟိတအဖွဲ့ အစည်းများ ကို လှူဒါန်းခဲ့သည်။

ယင်းလှူဒါန်းမှုအစုစုသည်၊ တတ်အားသ၍ လှူဒါန်းခြင်းဖြစ်သဖြင့်၊ ပမာဏအားဖြင့် များပြား သည်ဟု မဆိုနိုင်သော်လည်း၊ မိမိတို့ အများပြည်သူလိုအပ်နေသော အချိန်တွင်၊ ပံ့ပိုးရန်အတွက် အသင့်ရှိ ကြောင်းကတိကဝတ်ကို သက်သေထူလိုက်ခြင်းဖြစ်သည်။ GRGI နှင့် ၎င်း၏ဝန်ထမ်းများ အားလုံးသည်၊ ယခုကဲ့သို့ အထူးလိုအပ်သောအချိန်များတွင်၊ တစ်ဦးကိုယ်တစ်ဦး အမြဲကူညီရန် ယုံ ကြည်လျက် မြန်မာ့လူမှုအသိုင်းအဝန်း၏ တစိတ်တဒေသအဖြစ် ဂုဏ်ယူလျက်ရှိသည်။

ကုမ္ပဏီအနေနှင့်ပြည်တွင်း၌ ရှိသော လူမှုအသိုင်းအဝန်းတွင်မကပဲ, ပြည်ပထိုင်းနိုင်ငံတွင်၊ ‌ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော၊ မြန်မာပြည်သူအများ၊ COVID-19 ကာကွယ်‌နိုင်ရေးတွင်၊ အသုံးပြုရန်ရည်ရွယ်၍၊ GRGI ၏ ဒါရိုက်တာနှင့် အဓိက၊ ရင်းနှီးမြှပ်နှံ့သူ၊ အစုရှယ်ဝင် အပြည် ပြည် ဆိုင်ရာကုမ္ပဏ ဖြစ်သည့် Thai Beverage Public Company Limited မှ အမှုဆောင်အရာရှိချုပ်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr Polapatr Suvarnazorn ကဦးဆောင်ပြီး၊ COVID-19 တစ်ကိုယ်ရေ သုံးအကာအကွယ်ပစ္စည်းများဖြစ်သည့်၊ နှာခေါင်းစည်းအရေအတွက်စုစုပေါင်း (၂၀,၀၀၀) ခု၊ အ ရက်ပျံ ပမာဏ (၇၂) ရာခိုင်နှုန်းပါဝင်သော၊ အရက်ပျံ (၁၀၀) လီတာ နှင့် လက်သန့်ဆေးရည်ဂျဲလ်ဘူး (၂၀) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ၊ ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံသံရုံး၌၊ အသံအမတ်ကြီး ဦးမျိုးမြင့်သိန်း ထံသို့၊ ယခုလ (၁၅) ရက်နေ့ကပေးပို့လှူဒါန်းခဲ့သည်။
ယင်းသည်၊ မြန်မာလူထုကို ခက်ခဲသော အချိန်များတွင်၊ လက်တွဲဖော်အဖြစ် အတူရှိနေမည် ဖြစ်ကြောင်း ကတိကဝတ်ကို သက်သေထူလိုက်ခြင်းပင်ဖြစ်သည်။

ပူးတွဲပါ။
၁။GRGI ကုမ္ပဏီ အစုအဖွဲ့အကြောင်း
၂။ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်၏ ဓါတ်ပုံ
၃။ အမှုဆောင်အရာရှိချုပ်၊ Rahul Colaco ၏ ဓါတ်ပုံ
၄။ကုမ္ပဏီမကြာသေးခင်က လှူဒါန်းမှုများ
၅။ ThaiBev ၏ လှူဒါန်းခြင်း
၆။ ကုမ္ပဏီအနေနှင့် ရရှိထားသော ဆုများ

Tax Appreciation for 2018-2019 Assessment Year

The Government of the Republic of the Union of Myanmar honoured the top taxpayers of the country for 2018-2019 tax year on 10 Aug 2020. The president, His Excellency U Win Myint attended the ceremony held at the Presidential Palace in Naypyidaw and presented awards to the outstanding taxpayers for income tax, commercial tax, and specific goods tax.
U Aung Moe Kyaw (Co-Chairman of Grand Royal Group International Co.,Ltd) and Daw Mya Pwint Phyu (Alternate Director of Grand Royal Group International Co., Ltd) accepted honorable certificates at the ceremony.
Grand Royal Group International Co., Ltd was honored by the president as follow;
1. No 3 in Specific Goods Taxpayer
2. No 6 in Commercial Taxpayer
As International Beverages Trading Co., Ltd (IBTC), the member of GRGI;
3. No 3 in Commercial Taxpayer
4. No 5 in Income Taxpayer.
Grand Royal Group International Co.,Ltd is very proud to be recognized every Assessment Year as No 1 to 5 the highest top taxpayer in Myanmar and as a responsible group of companies in line with our corporate motto ‘Being A Good Corporate Citizen’.

(၂၀၁၈ – ၂၀၁၉) စည်းကြပ်နှစ်အတွက် နိုင်ငံတော်သို့ အခွန်ဘဏ္ဍာငွေကျပ် (၁၁၁.၄) ဘီလီယံ ပေးဆောင်ခဲ့သော Grand Royal Group International ကုမ္ပဏီစုအား နိုင်ငံတော်သမ္မတကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ဂုဏ်ပြုချီးမြှင့် (သြဂုတ်လ၊ ၁၀ ရက် ၂၀၂၀ ခုနှစ်)

(၂၀၁၈ – ၂၀၁၉) စည်းကြပ်နှစ်အတွက် နိုင်ငံတော်သို့ အခွန်ဘဏ္ဍာငွေကျပ် (၁၁၁.၄) ဘီလီယံ ပေးဆောင်ခဲ့သော Grand Royal Group International ကုမ္ပဏီစုအား နိုင်ငံတော်သမ္မတကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ဂုဏ်ပြုချီးမြှင့် (သြဂုတ်လ၊ ၁၀ ရက် ၂၀၂၀ ခုနှစ်)

(၂၀၁၈ – ၂၀၁၉) စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်း၊ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ၊ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဦးအောင်မိုးကျော် (Co-Chairman of Grand Royal Group International Co.,Ltd) နှင့်အတူ ‌ဒေါ်မြပွင့်ဖြူ ( Alternate Director of Grand Royal Group International Co., Ltd) တို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို တက်ရောက်လက်ခံရယူခဲ့ကြပါသည်။

အဆင့်အလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ရာတွင် မိမိတို့၏ Grand Royal Group International Co.,Ltd (ပုဂ္ဂလိက-နိုင်ငံခြားကုမ္ပဏီ) သည်

၁) အထူးကုန်စည်ခွန်တွင် အဆင့်နံပါတ် (၃)၊

၂) ကုန်သွယ်လုပ်ငန်းခွန်တွင် အဆင့်နံပါတ် (၅) နှင့်

GRGI ၏ ကုမ္ပဏီစုဝင်ဖြစ်သော International Beverages Trading Co., Ltd (ပုဂ္ဂလိက-မြန်မာကုမ္ပဏီ) သည်

၃) ဝင်ငွေခွန်တွင် အဆင့်နံပါတ် (၄)၊

၄) ကုန်သွယ်လုပ်ငန်းခွန်တွင် အဆင့်နံပါတ် (၆) စသဖြင့် အသီးသီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါသည်။

နှစ်စဥ်နှစ်တိုင်း အဆင့်နံပါတ် (၁) မှ (၅) အတွင်း ဂုဏ်ပြုချီးမြှင့်ခံရမှုအပေါ် မိမိတို့၏ Grand Royal Group International Co.,Ltd က အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။ မိမိတို့၏ဆောင်ပုဒ်ဖြစ်သည့် တာဝန်ကျေပွန်သော နိုင်ငံ့သားကောင်းဖြစ်ရေး (Being A Good Corporate Citizen) ဆိုသည့်အတိုင်း အောင်မြင်စေရန် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Tax Appreciation 2020

Grand Royal Group International ကုမ္ပဏီလီမိတက်သည် တရားမျှတသော ယှဥ်ပြိုင်မှုမှတဆင့် နိုင်ငံခြားအရက်များတင်သွင်းခြင်းမူဝါဒ အားကြိုဆို

Grand Royal Group International ကုမ္ပဏီလီမိတက်သည် (GRGI) သည်၊ လူကြိုက်များ၍ ထင်ရှားသော ဝီစကီအမှတ်တံဆိပ်အများအပြားနှင့် မြန်မာနိုင်ငံယမကာဈေးကွက်ကို ဦးဆောင်လျက်ရှိ သော ကုမ္ပဏီအစုအဖွဲ့ကြီးဖြစ်သည်။ ဈေးကွက်အတွင်းတွင် အောင်မြင်စွာရပ်တည်လာသည်မှာ နှစ်ပေါင်း (၂၅) နှစ်တိုင်ပြီဖြစ်သည်။ ၂၀၂၀ခုနှစ်၊ မေလ (၂၅) ရက်တွင်၊ နိုင်ငံတော်အစိုးက ထုတ်ပြန်သော၊ နိုင်ငံခြားမှအရက်များတင်သွင်းခွင့်အား ဖြေလျော့သည့်မူဝါဒကို၊ ကုမ္ပဏီအစုအဖွဲ့အနေနှင့် အပြည့်အဝ‌ ထောက်ခံပါကြောင်း ကြေညာလိုက်သည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံဈေးကွက်အတွင်း၊ နိုင်ငံခြားအရက်များတင်သွင်းခြင်းအား ဖြေလျှော့သည့် မူဝါဒ နှင့်ပတ်သက်၍၊ GRGI ၏ တွဲဖက်ဥက္ကဌဖြစ်သူ ဦးအောင်မိုးကျော်က၊ “ဒီဖြေလျှော့မှုနဲ့ ပတ်သက်ပြီး၊ အကျိုးသက်ရောက်မှုရှိနေတဲ့ ကုမ္ပဏီအစုအဖွဲ့ဖြစ်တဲ့အတွက်၊ ကျွန်တော်တို့အနေနဲ့၊ တိုင်းပြည်အတွက် ရော၊ နိုင်ငံသူနိုင်ငံသား မိဘပြည်သူတွေအတွက်ရော အကျိုးရှိစေပြီး၊ ယှဥ်ပြိုင်မှုကတဆင့် ရွေးချယ် စရာတွေ၊ တီထွင်စမ်းသစ်နိုင်တာတွေကို ဖေါ်ဆောင်ပေးမယ့် မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အထူးကြိုဆိုပါတယ်။ စားသုံးသူအတွက် ကျန်းမာရေးကဏ္ဍရော၊ တိုင်းပြည်အတွက် မျှတပြီး ရသင့်ရထိုက်တဲ့ အခွန်အကောက်တွေ ကောက်ခံနိုင်ဖို့ရော ရည်ရွယ်ပြီး၊ နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို သေသေချာချာလိုက်နာပြီး၊ ဈေးကွက်အတွင်းမှာ တရားမျှတတဲ့ ကုန်သွယ်မှု မူဝါဒတွေရှိမှသာ၊ စားသုံးသူတွေအတွက် ရွေးချယ်စရာတွေ၊ တီထွင်စမ်းသစ်တာတွေကို ဖေါ်ဆောင် ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ထုတ်ကုန်တွေအတွက် နည်းဥပဒေတွေ၊ အခွန်နှုန်း ထားတွေ၊ တံဆိပ်ရိုက်နှိပ်တာတွေ၊ ကုန်ထုတ်လုပ်ပုံ အဆင့်ဆင့်ခြေရာခံနိုင်တာတွေ အားလုံးဟာ၊ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး၊ အာဆီယံနိုင်ငံများမှာ စနစ်တကျကျင့်သုံးနေတဲ့ စည်းကမ်းချက်တွေ၊ မူဘောင်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စံချိန်စံနှုန်းတွေအတိုင်း၊ တသတ်မတ်တည်းဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ GRGI ကုမ္ပဏီအစုအဖွဲ့အနေနဲ့ စျေးကွက် ယှဥ်ပြိုင်မှုကို ကြိုဆိုပြီး၊ စားသုံးသူတွေနဲ့ လက်လီလက်ကားရောင်းချသူတွေအတွက်၊ ထုတ်ကုန်အသစ်တွေ တီထွင်စမ်းသစ်နိုင်ဖို့၊ ဒီထက်မက ကြိုးပမ်းသွားမှာြဖစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တရားမျှတတဲ့စျေးကွက် စီးပွားရေးစနစ်ရှိနေဖို့ပဲ မျှော်လင့်ပါတယ်။” ဟုဆို သည်။

“GRGI ဟာ နှစ်စဥ်နှစ်တိုင်း၊ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေ အများဆုံးပေးဆောင်တဲ့ နိုင်ငံ့သား ကောင်း အခွန်ထမ်း ကုမ္ပဏီတွေထဲမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။ နိုင်ငံတော် သမ္မတကြီးက ထိုက်ထိုက်တန်တန်ချီးမြှင့်တဲ့ အခွန်ထမ်းဆုတွေကို ရရှိလာခဲ့တာ (၅) နှစ်ဆက်တိုက်ရှိပါပြီ။ နိုင်ငံတော် အစိုးရအတွက် အင်မတန်မှ အရေးကြီးတဲ့ အခွန်ဘဏ္ဍာဖြစ်တဲ့ အခွန်အကောက်တွေကို တိကျသေချာစွာ လိုက်နာပြီး ပေးဆောင်နိုင်ဖို့၊ ကျွန်တော်တို့ အင်မတန်အလေးအနက်ထားပါတယ်။ တာဝန်သိ၊ နိုင်ငံ့သားကောင်း ကုမ္ပဏီအစုအဖွဲ့ဖြစ်တဲ့အတွက်၊ ယမကာထုတ်ကုန်တွေအတွက် ရိုးရှင်းပြီး၊ ထိရောက် တဲ့၊ အားလုံးတပြေးညီတည်းပါဝင်နိုင်ပြီး တရားမျှတတဲ့ အခွန်စည်းကြပ်နည်းတွေကို အားပေး ထောက်ခံပါတယ်။” ဟု ဦးအောင်မိုးကျော် က ဆက်လက်ပြောကြားသည်။

Grand Royal Group International ကုမ္ပဏီလီမိတက်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ၊ Mr. Sanjay Gupta က “ကျွန်တော်တို့ ကုမ္ပဏီအစုအဖွဲ့ဟာ၊ နှစ်ပေါင်း (၂၅) နှစ်တိုင် ဈေးကွက်အတွင်းမှာ၊ အတွင်း အပြင်၊ စိန်ခေါ်မူပေါင်းများစွာနဲ့ ကြံ့ကြံ့ခံရပ်တည်လာခဲ့ပါတယ်။ ဈေးကွက်ထဲမှာ ဒီလိုအတွေ့အကြုံတွေ ရှိလို့ ပိုမိုခိုင်မာပြီး၊ ဖွံ့ဖြိုးတိုးတက် လာခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ စားသုံးသူတွေကို အမြဲ ဦးစားပေးနိုင်ဖို့အတွက်၊ အကောင်းဆုံးဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ ရည် မှန်းချက်ပန်းတိုင်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ‌‌‌ဂေဟစနစ်တစ်ခုလုံးဟာ၊ တသီးတခြား တည်ရှိနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ဆောင်ရွက်သမျှဟာ၊ တစ်နည်းမဟုတ် တစ်နည်း အလွှာအမျိုးမျိုးကို ထိရောက်မှုတွေရှိနေပါတယ်။ ကဏ္ဍအားလုံး စပ်ဆက်နေတာကြောင့်၊ ကျွန်တော်တို့ GRGI အနေနဲ့ လူမူအသိုင်းအဝန်းတစ်ခုလုံးကို ကောင်းကျိုးပြုတာတွေပဲ ဆောင်ရွက်နေပါ တယ်။” ဟုဆိုသည်။

၎င်းက ဆက်လက်၍ ”ယှဥ်ပြိုင်မှုတွေ ရှိလာတာဟာ ကျွန်တော်တို့ ကုန်အမှတ်တံဆိပ်တွေ ဒီထက်ပိုပြီး ကောင်းမွန်တိုးတက်ဖို့အတွက်၊ အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ထုတ် ကုန်တွေကို အရည်အသွေးတွေ ပိုမိုကောင်းမွန်လာဖို့၊ စမ်းစစ်လေ့လာဖို့၊ ကောင်းမွန်တဲ့ အရည်အသွေး
တွေကို ထိန်းသိမ်းထားနိုင်ဖို့ ဆက်တိုက်ရင်းနှီးမြှပ်နှံသွားဖို့ ရည်ရွယ်ပါတယ်။ တချိန်တည်းမှာပဲ၊ ကျွန် တော်တို့ရဲ့ ဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်လက်တွဲဖေါ်တွေ၊ စားသုံးသူတွေနဲ့ ပြည်တွင်းက လူနေမှု ပတ်ဝန်းကျင်တစ်ခုလုံးကို တသတ်မတ်တည်း အလေးထား ထောက်ပံ့သွားဖို့လည်း ရည်ရွယ်ပါတယ်။
ဒီလိုမျိုး ရင်းနှီးမြှပ်နှံသွားဖို့ဆိုတာ၊ အင်မတန်မှအရေးပါပြီး၊ ရေရှည်ဆောင်ရွက်သွားရမယ့်၊ ကဏ္ဍတွေ ဖြစ်ပါတယ်။ စတင်တည်ထောင်ချိန်ကစလို့၊ စားသုံးသူတွေအတွက်ပဲ၊ ဦးစားပေးဆောင်ရွက်ပြီး၊ စားသုံး သူတွေအတွက် အမြင့်မားဆုံး အရည်အသွေးတွေရှိတာတွေကိုသာ ထုတ်နိုင်ဖို့ တင်းကြပ်တဲ့ စံချိန်စံနှုန်း တွေကို အမြဲထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Grand Royal Black၊ Grand Royal Special Reserve၊ Signature နဲ့ Smooth တွေဟာ ဒီကဏ္ဍအတွင်းမှာ အပြည်ပြည်ဆိုင်ရာက ချီးမြှင့်ပေးအပ်တဲ့၊ ဆုတံဆိပ်ပေါင်း (၇၀) ကျော်ကို ဆွတ်ခူးရရှိထားပါတယ်။” ဟု ဆိုသည်။
“နှစ်စဥ်နှစ်တိုင်းမှာ၊ ကျွန်တော်တို့ ကုမ္ပဏီအစုအဖွဲ့က၊ လိုင်စင်ကြေးတွေ၊ အခွန်တွေ၊ အကောက်တွေ အားလုံး၊ မြန်မာကျပ်ငွေ၊ စုစုပေါင်း (၁၄၀) ဘီလီယံကို ပေးဆောင်နေပါတယ်။ ပြည်တွင်းကရတဲ့ ကုန် ကြမ်းတွေကို အသုံးပြုထုတ်လုပ်ထားတဲ့အတွက်၊ ပြည်တွင်းဖြစ် အစစ်အမှန်ဆိုတဲ့ အနှစ်သာရကို ဖေါ် ဆောင်ပေးနေပါတယ်။ ဥပမာအားဖြင့်၊ နှစ်တိုင်း၊ မြန်မာနိုင်ငံတွင်းက တောင်သူဦးကြီးတွေဆီကနေ ၊ ဆန်ကွဲတန်ချိန်ပေါင်း ရာထောင်ချီ၊ ဝယ်ယူနေတဲ့အတွက်၊ ပြည်တွင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍကို မြန်မာကျပ်ငွေ ဘီလီယံချီပြီး အထောက်အကူပြုနေပါတယ်။ ယမကာထုတ်ကုန်တွေအတွက် အခွန် စည်းကြပ်မှုနဲ့အတူ၊ ထုတ်ပြန်လိုက်တဲ့ ဒီမူဝါဒအသစ်ဟာ၊ တရားမျှတမှုရှိပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တရားမျှတမှ၊ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ ရရှိနိုင် ပြီး၊ နိုင်ငံတွင်းက ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့တိုက်ရိုက်သော်လည်းကောင်း သွယ်ဝှက်၍ သော်လည်းကောင်း အကျိုးဆက်စပ်နေတဲ့ လူမှုအသိုင်းအဝန်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။” ဟုလည်း Mr. Sanjay Gupta ကဆိုသည်။

Grand Royal Group International သည်၊ မြန်မာပြည်တွင်းတွင်သာမက၊ အာဆီယံ နယ်ပယ်အတွင်း ၌၊ အားလုံးအတွက် တရားမျှတ၍ အကျိုးအမြတ်ရှိသော ကူးသန်းရောင်းဝယ်ရေးဈေးကွက်ရှိစေရေး အတွက် စီးပွားဖက်လက်တွဲဖေါ်များ၊ နိုင်ငံ‌တော်အစိုးရဌာနများ၊ နိုင်ငံတကာမှ တတ်သိပညာရှင်များနှင့် အတူလက်တွဲ၍ တက်ညီလက်ညီ ဆောင်ရွက်လျက်ရှိသည်။ ကုမ္ပဏီအစုအဖွဲ့အနေနှင့် စားသုံးသူများ၊ ဝန်ထမ်းများနှင့် နိုင်ငံသူနိုင်ငံသား မိဘပြည်သူများအတွက် အလေးထားကာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု များအပြည့်ဖြင့် သိက္ခာရှိစွာရပ်တည်လျက်ရှိသဖြင့် အထူးဂုဏ်ယူလျက်ရှိသည်။

Grand Royal Group International ကုမ္ပဏီအစုအဖွဲ့ကို ၁၉၉၅ ခုနှစ်မှ စတင်၍ ဝန်ထမ်းအင်အား (၅၀) ဦးခန့်ဖြင့်တည်ထောင်ခဲ့ပြီး၊ စားသုံးသူများအား ထူးခြားကောင်းမွန်သော ကုန်ပစ္စည်းများနှင့် ဝန် ဆောင်မှုများ ပေးနိုင်သဖြင့် လျင်မြန်စွာ ဂုဏ်သတင်းမွှေး၍ သိက္ခာရှိရှိ ရပ်တည်လာနိုင်ခဲ့ပါသည်။ (၂၅) နှစ်တိုင်တိုင်၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝရှိသည့် လုပ်ငန်းဖြစ်ကြောင်းအား သက်သေထူနိုင်ရန် နှင့် မြန်မာနိုင်ငံအတွင်းတွင် လေးစားထိုက်သောကုမ္ပဏီများ အနက်မှတစ်ခုဖြစ်စေရန်၊ အရည်အသွေး မြင့်မားသော ကုန်အမှတ်တံဆိပ်များကို တီထွင်စမ်းသစ်၍၊ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ကုမ္ပဏီအစုအဖွဲ့ သည် ယခုအခါတွင် ဈေးကွက်တွင် ဦးဆောင်လျက်ရှိပြီး၊ တိုက်ရိုက်ခန့်အပ်ထားသော ဝန်ထမ်းပေါင်း၊ (၂,၅၀၀) ကျော်ဖြင့်လုပ်ငန်းလည်ပတ်နေလျက်၊ နိုင်ငံတော်၏စီးပွားရေးကို အဓိကပံ့ပိုးနေသည့် လုပ်ငန်း များ အနက်တစ်ခုဖြစ်သည်။

ကုမ္ပဏီအစုအဖွဲ့ အနေနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်နေပြီး၊ အဓိက လိုအပ်သော နေရာများတွင် ရေရှည်အတွက် ရင်းနှီမြှပ်နှံမှုများပြု၍ အကျိုးပြုလျက်ရှိပါသည်။ အမြင် အာရုဏ်ချို့သော၊ အများပြည်သူပေါင်း (၇၄,၀၀၀) ကို၊ ပြန်လည်ကောင်းမွန်လာစေရန် ခွဲစိတ်ကုသမှု များဖြင့်လှူဒါန်းခဲ့သည်။ ပြီးနောက် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းများရှိ ၊ ကျေးရွာပေါင်း (၁၃၁) ရွာရှိ၊ အိမ်ခြေပေါင်း (၁၂,၃၇၉) အိမ်ခြေမှ အများပြည်သူ
ပေါင်း (၇၃,၃၃၄) ဦးအတွက်၊ သောက်သုံးရေကြည်ရေသန့်များ ရရှိရန်၊ ရေတွင်းများ၊ ရေပိုက်လိုင်းများ ၊ တိုင်ကီများတည်ဆောက် တပ်ဆင်ပေးကာ၊ ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တွင် အရေးကြုံသည့်အခါတိုင်းတွင်လည်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ အမြဲလက် တွဲကာ အားဖြည့်ကူညီမှုများဖြင့် တစ်တပ်တစ်အား ပံ့ပိုးခဲ့သည်။ ဥပမာ၊ နာဂစ်မုန်တိုင်းအပြီး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အားဖြည့်ပံ့ပိုးခဲ့ပြီး၊ ယခုဖြစ်ပွားနေသော၊ COVID-19 ရောဂါ၊ ကာကွယ် ၊တိုက်ဖျက်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် လက်တွဲလျက်၊ လက်သန့်ဆေးရည်များလည်း ထုတ်လုပ်လှူဒါန်းလျက်ရှိသည်။

Grand Royal Group International Co., Ltd welcomes fair competition through the Foreign Liquor Import policy

Grand Royal Group International Co.,Ltd တွဲဖက်ဥက္ကဌ ၏ တိုက်တွန်းနှိုးဆော်ချက်

ချစ်ခင်လေးစားအပ်ပါသော ဖောက်သည်များ၊ ဝန်ထမ်းများနဲ့ မိဘပြည်သူများ ခင်ဗျာ။

COVID-19 ရောဂါကို ဖြစ်ပွားစေတဲ့ ကော်ရိုနာရောဂါပိုးဟာ ကျွန်တော်တို့ လူမှု၀န်းကျင်တွေ အတွင်းမှာ အလျင်အမြန် ကူးစက်ပျံ့ပွားနိုင်တဲ့ ရောဂါပိုးဖြစ်သော်လည်း၊ ‌ကြောက်လန့်တုန်လှုပ်ခြင်းမရှိပဲ ခေါင်းအေးအေး ထားပြီး၊ နိုင်ငံတော်ရဲ့ခေါင်းဆောင်နဲ့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက အကြံပြုထားတဲ့ လမ်းညွှန်ချက် တွေကို သေချာလိုက်နာကြမယ်ဆိုရင် ဒီရောဂါပိုးကူးစက်ခြင်းကနေ ကာကွယ်နိုင် ပါတယ်။

ဒီရောဂါပိုးကြောင့် အခုလို ကြီးမားတဲ့ အခက်အခဲမျိုးရှိလာနိုင်တဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်စေဖို့ ကျွန်တော်တို့ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေအားလုံး လုံခြုံစိတ်ချရစေဖို့ စီမံဆောင်ရွက်ထားတဲ့ လုပ်ငန်းစဉ်တွေကို မျှဝေရန် အရေးကြီးတယ်လို့ ယုံကြည်မိပါတယ်။

COVID-19 ရောဂါဟာ ခုထိပျံ့ပွားလျက်ရှိပြီး ကျွန်တော်တို့ဟာ မသေချာမရေရာတဲ့ အခြေအနေမျိုးမှာ နေ့စဉ် နေထိုင်နေကြရပါတယ်။ သို့ပါသော်လည်း အခြေအနေတစ်မျိုးပြောင်းလဲသွားတာနဲ့ တပြိုင်နက် ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဆုံးဖြတ်ချက်တွေကို လျင်မြန်စွာချမှတ် အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ လမ်းညွှန်ချက် များ၊ ညွှန်ကြားချက်များနဲ့ အကြံပြုချက်များကိုလည်း စဉ်ဆက်မပြတ် လိုက်နာကျင့်သုံးလျက်ရှိပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အဖွဲ့အစည်း၊ ဝန်ထမ်းတွေ၊ သယ်ယူပို့ဆောင်ရေး လက်တွဲဖော်တွေ၊ ကုန်ပစ္စည်းပံ့ပိုးသူတွေနဲ့ ကျွန်တော်တို့ လူမှုဝန်းကျင်တစ်ခုလုံး အတိုင်းအတာအတွက် အသက်အန္တရာယ် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတဲ့ အချက်ပါပဲ။

ကျွန်တော်တို့တွေအားလုံး စနစ်တကျ ညီညီညွတ်ညွတ်နဲ့အချင်းချင်း မေတ္တာတရားရှေ့ထားပြီး ရင်ဆိုင်ကျော်ြဖတ် ကြဖို့ တိုက်တွန်းရင်း အောက်ပါအကြောင်းအရာများကို တင်ပြအပ်ပါတယ်။

၁။ ကျွန်တော်တို့ ဌာနချုပ်ရုံးနဲ့ စက်ရုံတွေမှာ လိုက်နာဖို့ တင်းကြပ်တဲ့ လုံခြုံရေးစည်းမျဉ်း စည်းကမ်းတွေ ချမှတ် ထားပြီးဖြစ်ပါတယ်။

၂။ ဝန်ထမ်းတွေ၊ ကုန်ပစ္စည်းတွေ၊ ကုန်ပစ္စည်း တင်သွင်းသူ တွေကို ကုန်ထုတ်လုပ်မှုကဏ္ဍတွေ မရောင်းခင် သေချာစွာ စိစစ်စစ်ဆေးရေးများကို ဆောင်ရွက်နေပြီး၊ အလုပ်ခွင်မှာ လိုက်နာဖို့ တင်းကြပ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

၃။ ပိုးမွှားကင်းစင်ပြီး၊ သန့်ရှင်းဖို့အတွက် ပထမဦးစားပေးအနေနဲ့ ဆက်တိုက် အလုပ်လုပ်လျက်ရှိပါတယ်။

၄။ ၀န်ထမ်းတွေအားလုံးကိုလည်း နေကောင်းမကောင်း နေ့စဉ်နဲ့အမျှ စစ်ဆေးစောင့်ရှောက်နေပြီး၊ လိုအပ်ပါက အရေးပေါ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း စီမံထားပြီး ဖြစ်ပါတယ်။

၅။ ကျွန်တော်တို့ ထုတ်ကုန်ပစ္စည်းတွေဟာ ဒီရောဂါပိုးကြောင့် တစုံတရာထိခိုက်မှုမရှိအောင် သေချာ ကျနစွာ စီစဉ်ထားပြီးဖြစ်ပါသဖြင့် ကိုင်တွယ်၊ သောက်သုံးဖို့လုံခြုံစိတ်ချမှု အပြည့်အ၀ရှိနိုင်ပါတယ်။

၆။ အားလုံးအတွက် (၂၄) နာရီ ၊ (၇) ရက်ပတ်လုံး အချိန်ပြည့်နိုးကြား တာ၀န်ယူလျက်ရှိပါတယ်။

မိမိတို့ကိုယ်ပိုင်ဘ၀တွေ ဆက်လက်တိုးတက်ကြီးပွားစေဖို့ အားပေးတိုက်တွန်းရင်း ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်လျက် ကျွန်တော်တို့ထုတ်ကုန်ပစ္စည်းတွေကို ယုံကြည်ချက် ပြည့်ပြည့်၀၀နဲ့ နှစ်သက်နိုင်ပါစေလို့ ဆန္ဒပြုအပ် ပါတယ်။ မိဘပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး၊ ရောဂါတိုက်ဖျက်ရေးမှာ ရှေ့တန်းက မားမား မတ်မတ် ဦးဆောင်နေတဲ့ အဓိကအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေအတွက် မေတ္တာဖြင့် အခမဲ့လက်သန့်ဆေးရည် ဗူးပေါင်း (၂၀၀,၀၀၀) ခန့် ကိုထုတ်လုပ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Grand Royal Group International Co.,Ltd နဲ့ အစုရှယ်ယာဝင်တွေအနေနဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာပြီး၊ မိဘပြည်သူများအတွက် အကောင်းဆုံးဆောင်ရွက်နေကြပါတယ်။ လူစုလူ‌‌‌‌‌ဝေး မှန်သမျှရှောင်၍ သီးသန့်နေခြင်းပဲဖြစ်စေ၊ တစ်ဦးတည်းသီးသန့်နေထိုင်ခြင်းပဲဖြစ်စေ၊ တာ၀န်ယူမှု၊ တာ၀န်ခံမှု အပြည့်အ၀ယူ ထားသူပဲဖြစ်စေ၊ အကောင်းဆုံးကျင့်ကြံ နေထိုင်ကြပြီး၊ အဆက်အသွယ်မပြတ်ရှိနေကြပါ၊ ဘေးအန္တရာယ် ကင်းရှင်းစွာ နေထိုင်ကြပါရန်နဲ့ တစ်‌ဦးနဲ့တစ်ဦး ဖေးဖေးမမ ကူညီရိုင်းပင်းကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းနိုးဆော် လိုက်ရပါတယ် ခင်ဗျာ။

ကျွန်တော်တို့အပေါ်မှာအပြည့်အဝ ယုံကြည်စိတ်ချတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။

Grand Royal Group International ၏ တွဲဖက်ဥက္ကဌ

Grand Royal Group International ကုမ္ပဏီ လီမိတက်က မြန်မာကျပ်ငွေ သိန်း ငါးထောင် (၅၀၀၀) တန်ဖိုးရှိ လက်သန့်ဆေးရည်များ လှူဒါန်း

ယခုကဲ့သို့သော အခက်အခဲကြုံတွေ့နေရသည့် အချိန်အခါတွင်၊ Grand Royal Group International ကုမ္ပဏီ နှင့် ၎င်း၏ အစုရှယ်ယာဝင်များသည်၊ တွဲဖက်ဥက္ကဌ ဦးအောင်မိုးကျော်၏ ဦးဆောင်မှုအောက်တွင်၊ မြန်မာကျပ်ငွေသိန်း ငါးထောင် (၅၀၀၀) တန်ဖိုးရှိ လက်သန့်ဆေးရည်များ ကို ရောဂါပိုး ကာကွယ်တိုက်ဖျက်ရေးအတွက် အရေးပေါ်လိုအပ်လျက်ရှိသော၊ တိုင်းပြည်တွင်းရှိ အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များသို့ လှူဒါန်းလျက်ရှိပါသည်။

“ကျွန်တော်တို့အားလုံး မြန်မာပြည်နဲ့ တကမ္ဘာလုံးကို အတိဒုက္ခ‌ ရောက်စေတဲ့ ကူးစက်ရောဂါပိုး အန္တ ရာယ်ကို တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ကြံကြံခံတိုက်ဖျက်ဖို့လိုအပ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနေနဲ့ ရှေ့အနာဂတ်ခရီးကို မားမားမတ်မတ်ချီတက်နိုင်ဖို့၊ COVID-19 ရောဂါကို ယုံ ကြည်ချက်အပြည့်နဲ တိုက်ဖျက်နိုင်ကြောင်း ကမ္ဘာကို ပြသဖို့လည်းလိုပါတယ်။ တိုင်းပြည်တွင်းက မိဘပြည်သူများကို ဖေးမကူညီတဲ့အနေနဲ့၊ COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် အရေးပေါ်လိုအပ်နေတဲ့ တိုင်းပြည်တွင်းရှိ အဖွဲ့အစည်းများ နဲ့ အသင်းအဖွဲ့များသို့ လက်သန့်ဆေးရည် ပုလင်းပေါင်း နှစ်သိန်း (၂၀၀၀၀၀) ကိုလှူဒါန်းလျက်ရှိပါတယ်။”ဟု၊ GRGI ၏ တွဲဖက်ဥက္ကဌ ဦးအောင်မိုးကျော်က ပြောကြားသည်။

“ကမ္ဘာ့ကပ်ရောဂါအခြေအနေပေါ်ပေါက်လာြပီး မကြာမီ ရက်သတ္တပါတ်များအတွင်းတွင်၊ လက်သန့် ဆေးရည်များကို ကျွန်တော်တို့မှာရှိသမျှ လူစွမ်းအားအရင်း အမြစ်တွေ အားလုံးနဲ့ စက်ရုံမှာရှိတဲ့ အ ရင်းအမြစ်တွေအကုန်လုံးကို အင်တိုက်အားတိုက်သုံးပြီး၊ လက်သန့်ဆေးရည်ဗူးပေါင်း နှစ်သိန်း (၂၀၀၀၀၀) ကို ၊ လိုအပ်နေတဲ့ အသင်းအဖွဲ့အမျိုးမျိုးဆီကို အမြန်ဆုံးဖြန့်ချိ လှူဒါန်းနေပါတယ်။ ကျွန်တော်တို့ရဲ့ ဖြန့်ချိရေးကိုယ်စားလှယ်တွေနဲ့ ကျွန်တော်တို့ဌာနခွဲတွေ ကလည်းလိုအပ်နေတဲ့သူ တွေဆီကို အသင်းအဖွဲ့တွေကနေတဆင့်ရောက်ရှိဖို့ အထိရောက်ဆုံးနဲ့ အမြန်ဆုံးဆောင်ရွက်နေကြ ပါတယ်။” ဟု GRGI ၏ အမှုဆောင်အရာရှိချုပ် Sanjay Gupta က ဆိုသည်။

ဆက်လက်ပြီး Sanjay Gupta က၊ “ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံအစား အသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာနက ကျွန်တော်တို့လက်သန့်ဆေးရည် ထုတ်လုပ်ဖြန့်ချိလှူဒါန်းတာ ကို ခွင့်ပြုမိန့်ပေးထားပြီးပြီဖြစ်ပါတယ်။ ခွင့်ပြုမိန့်ကျတာနဲ့ တပြိုင်နက်တည်းမှာ၊ ၂-၃ ပါတ် အတွင်း၊ အင်တိုက်အားတိုက် ထုတ်လုပ်ခဲ့ပါတယ်။ GRGI အနေနဲ့မြန်မာပြည်မှာရှိတဲ့ မိဘပြည်သူတွေနဲ့ အတူ တူလက်တွဲလျက်ရှိ‌ကြောင်း ပြသလိုပါတယ်။”ဟုဆိုသည်။

GRGI ၏ လက်သန့်ဆေးရည်ပုလင်းများ အလှူဒါနကို လက်ခံရရှိသည့် အဖွဲ့အစည်းများ နှင့် အသင်း အဖွဲ့များစာရင်းကို ပူးတွဲပါအတိုင်းဖေါပြထားသည်။ လက်သန့်ဆေးရည်တစ်ဗူးတွင်၊ ဆေးရည်ပမာ ဏ (၅၀၀) မီလီလီတာ ပါဝင်ပြီး၊ ချပ်စက္ကူတစ်ဗူးတွင်၊ လက်သန့်ဆေးရည် (၁၉) ဗူးပါဝင်သည်။ လက်သန့်ဆေးရည်၏အမှတ်တံဆိပ်မှာ၊ “နိုင်ငံ့သားကောင်း” ဖြစ်သည်။

“ကျွန်တော်တို့ လုပ်ငန်းစုရဲ့ ခံယူချက်ဖြစ်တဲ့၊ Good Corporate Citizen (ခေါ်) နိုင်ငံ့သားကောင်း စီးပွားရေးလုပ်ငန်းစုအနေနဲ့ နိုင်ငံတော်နဲ့ပြည်သူတွေလိုအပ်တဲ့အချိန်တိုင်းမှာ၊ တတ်နိုင်သ၍ဝိုင်းဝန်း ဆောင်ရွက်သွားပါမယ်။” ဟုတွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်က‌‌ပြောသည်။

Grand Royal Group ၏ ၂၀၁၉ ခုနှစ်အတွင်း ထပ်မံအောင်မြင်သည့် CSR Project အား မိတ်ဆက်ခြင်း

Grand Royal Group လူမှုစောင့်ရှောက်ရေးအစီအစဉ်တွင် ကျွန်တော်တို့၏ ဆောင်ပုဒ် တစ်ခု ဖြစ်သည့် တာဝန်ကျေပွန်သောနိုင်ငံ့သားကောင်းပီသရေး (Being A Good Corporate Citizen) နှင့်အညီ လူမှုစီးပွားပတ်ဝန်းကျင်အကျိုးကို အမြဲဦးစားပေး လုပ်ဆောင်လျှက်ရှိပါသည်။ ကျွန်တော်တို့၏ လူမှုစောင့်ရှောက်ရေးအစီအစဉ် (CSR)သည် ကျွန်ပ်တို့ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသည့် ပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်းမြှင့်တင်ပေးရန်၊ ကျန်းမာရေးကောင်း မွန်စေရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းစေရန် အဓိကရည်ရွယ်ချက် ထားကာ အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
Grand Royal Group ၏ CSR လုပ်ငန်းစဉ်များအတွက် နှစ်စဉ် ကျပ် (၁.၅) ဘီလီယံမှ (၂) ဘီလီယံအထိ နှစ်စဉ်လျာထား သုံးစွဲလျှက်ရှိပါသည်။ ကျွန်တော်တို့ရဲ့ သန့်စင်သောရေစက်တိုင်း ၏အဖိုးတန်မှု “Clean Water Project” သည် ဒေသခံပြည်သူများ သန့်ရှင်းလတ်ဆတ်ပြီး ဘေးကင်းသော ထာဝရသောက်သုံးရေသန့်ရရှိစေနိုင်ရန် အဓိကရှေ့ရှုလျှက်ရှိပြီး၊ ယခုအချိန် အထိ အိမ်ခြေပေါင်း ၇,၅၀၀ ကျော်ခန့်နှင့် လူဦးရေပေါင်း ၅၀,၀၀၀ ကျော်ခန့်၏ သောက်သုံး ရေသန့်အခက်အခဲပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့အပြင် ကျွန်တော်တို့ရဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းလုပ်ငန်းဟာလည်း လူပေါင်း ၈၀,၀၀၀ ကျော်ခန့်ရဲ့ အမျိုးအမျိုးသော မျက်စိဝေဒနာတွေကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ လူမှုစောင့်ရှောက်ရေးအစီအစဉ် (CSR) လုပ်ငန်းများအတွက် အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM) မှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၉ ခုနှစ် တစ်နှစ်တာလုံး၏ အကောင်းဆုံး CSR လုပ်ငန်းထူချွန်ဆုကိုပေးအပ်ခြင်းခံခဲ့ရပြီး၊ ထိုဆုကို (၄) နှစ် ဆက်တိုက် (၂၀၁၆-၂၀၁၉) အသိအမှတ်ပြု လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် Grand Royal Group သည် ကော်ပိုရိတ်တာဝန်ကျေမှုများထဲမှအရေးကြီးသည့် အချက်ဖြစ်သော အခွန်ပေးဆောင်မှုကိုလည်း အစဉ်အမြဲ အလေးထားလိုက်နာလျှက်ရှိသည်။ ၂၀၁၈ – ၂၀၁၉ စည်းကြပ်နှစ်တွင် နိုင်ငံတော်ကို အခွန်ဘဏ္ဍာငွေ ကျပ်ဘီလီယံ ၁၁၁ ကျော်ခန့်ကို ပေးဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်းအခွန်ထမ်းကြီးများ (၁၀) ဦး စာရင်းတွင် ဆယ်စုနှစ်များ စွာ ကတည်းက နှစ်စဉ်ဖော်ပြခံရလျှက်ရှိသည်။ နိုင်ငံတော်သမ္မတမှပေးအပ်သည့် ထိပ်တန်း အခွန်ထမ်းကြီးများအတွက် ဂုဏ်ပြုဆုများကိုလည်း နှစ်စဉ်ရရှိလျှက်ရှိပါသည်။ Grand Royal Group ၏ “Clean Water Project” ကို ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဦးစားပေး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ကော့မှုးမြို့နယ်၊ သာစည်မြို့နယ်၊ မိထ္တီလာမြို့နယ်၊ ကျောက်ပန်းတောင်းခရိုင်၊ ပုသိမ်၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။
ယခုဆိုလျှင် ကျွန်တော်တို့ရဲ့ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွက် နောက်ဆုံးအကောင်အထည် ဖော်ခဲ့သည့် “Clean Water Project” ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ပဲခူးတိုင်းဒေသကြီး၌ အောင်မြင်ခဲ့ပြီး ဒေသခံပြည်သူများ အသုံးပြုလျှက်ရှိ နေကြပြီဖြစ်ပါသည်။ ထို Project ကို ၂၀၁၉၊ ဇွန်လမှ စတင်ခဲ့ပြီး အုတ်ဖိုမြို့နယ် နနွင်းကုန်းကျေးရွာအုပ်စု၊ ကြို့ပင်ကောက်မြို့နယ် အုန်းတော ကျေးရွာအုပ်စုနှင့် တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စုတို့တွင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် ကျွန်တော်တို့ရဲ့ ၎င်း Project သည် အိမ်ခြေပေါင်း ၁,၃၆၃ နှင့် လူပေါင်း ၅,၃၇၄ တို့ကို သန့်စင်သော သောက်သုံးရေရရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ၂၀၂၀ ခုနှစ်အတွက် Clean Water Project ရဲ့ နောက်ထပ်ခြေလှမ်း အသစ်တစ်ခု ဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသောနေရာဒေသများတွင် အကောင်အထည်ဖော်ရန် ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းစဉ်များ (Survey) စတင် လုပ်ဆောင် နေပြီ ဖြစ်ပါသည်။
“ကျွန်တော်တို့ရဲ့ ဒီ Project အတွက် သိန်း (၄၀၀) ခန့် ကုန်ကျခံခဲ့ပြီး ရေသန့်စက် အဆောက်အဦး (၃) ခု၊ ရေသန့်စင်စက် (၃) ခုနဲ့ ရေစုကန် (၃) ခုကို တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ Project ကတော့ နိုဝင်ဘာလ ၂၀၁၉ ခုနှစ်ထဲက အောင်မြင်လို့ စတင်လည်ပတ်ခဲ့တာ ဒေသခံပြည်သူများ ကို လွှဲပေးအပ်ပေးတဲ့ အခမ်းအနားကတော့ ဒီဇင်ဘာလ ၂၀၁၉ မှ လုပ်ခဲ့ရတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်အစိုးရမှတာဝန်ရှိသူများနဲ့ အတူ Survey လုပ်ပြီးမှ တကယ်လို အပ်နေတဲ့ နေရာဒေသမှာရှိတဲ့ ရွာတွေကို ရွေးထုတ်ပြီး ဆောင်ရွက်ပေးတာဖြစ်ပါတယ်။” ဟု CSR Manager ဦးတင့်ဝေမှ ပြောပါသည်။

“ကျွန်တော်တို့ Grand Royal Group အနေဖြင့် ပြည်သူတွေရဲ့ လူနေမှုဘဝတိုးတက်စေဖို့အတွက် အစဉ်အမြဲ တတ်အားသရွေ့ ဆောင်ရွက်ပေးခြင်းကလည်း ကျွန်တော်တို့ရဲ့ အလေးထားရတဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ CSR လုပ်ငန်းတွေအနေနဲ့ မျက်စိကုသခြင်း၊ ရေတွင်း တူးဖော်ခြင်းနှင့် ထာဝရသောက်ရေသန့်စက်များ လှူဒါန်းတည်ဆောက်ပေးခြင်း၊ စာသင်ကျောင်း များ ဆောက်လုပ်လှူဒါန်းခြင်းတွေပြုလုပ်ပေးတယ်။ နိုင်ငံ့အားကစားအတွက် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဘောလုံးအသင်း ဖြစ်တဲ့ ဟံသာဝတီယူနိုက်တက်အသင်းကို ပံ့ပိုးပေးခြင်းအစရှိတဲ့ ပုံမှန်လုပ်ငန်းတွေအပြင်၊ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာဒေသများတွင် ကိုယ်တိုင် ကိုယ်ကျ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းခြင်းတွေလည်း ကျွန်တော် တို့ရဲ့ တာဝန်ကျေပွန်သော နိုင်ငံ့သားကောင်းပီသရေး (Being A Good Corporate Citizen) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုပ်ဆောင်လျှက်ရှိပါတယ်။ ရှေ့ဆက်ပြီးလည်း ကျွန်တော်တို့အနေနဲ့ CSR အကျိုးပြုလုပ်ငန်းတွေကို ထပ်မံအရှိန်အဟုန်မြင့်တင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ”ဟု Grand Royal Group ၏ တွဲဖက်ဥက္ကဌ ဦးအောင်မိုးကျော်မှ ပြောကြားပါသည်။
“ကျွန်တော်တို့ကျေးရွာတွေမှာ နွေရာသီဆိုရင် သောက်သုံးရေရရှိဖို့ အင်မတန်အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတယ်။ ကျွန်တော်တို့ ကျေးရွာသူ/သားတွေဟာ စီးပွားရေး မပြေလည်တဲ့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ သောက်သုံးရေသန့်ကို မသောက်သုံး နိုင်ကျတော့ တစ်ဖက်မှာ ကျန်းမာရေး ထိခိုက်မှုတွေ နှစ်စဉ်နှစ်တိုင်း ခံစားရပါတယ်။ ဒါအပြင် ရေရဲ့ သန့်ရှင်းမှုကို သတိမထားမိ မသိကြတဲ့အတွက် ဒီရေဆိုးရေညစ်များကိုပဲ သောက်သုံးမိကြတယ်။ ကျွန်တော်တို့ ဒေသခံတွေဟာ စိုက်ပျိုးရေး တပိုင်တနိုင်လုပ်တဲ့အတွက် ကျွဲ၊ နွားများလည်း သောက်သုံးရေ ခက်ခဲပါတယ်။ ကျွန်တော်တို့ကျေးရွာမှာ ရေရှားတဲ့အတွက် တစ်ခြားချောင်းရှိတဲ့ ကျေးရွာတွေကိုသွားပြီး ချောင်းရေကို သယ်ယူရပါတယ်။ ဒါကြောင့် ကျေးရွာသူ/သားတွေဟာ ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျေးရွာပိုင် ကန်ကြီးတစ်ကန်တူးပြီးတော့ ကျွန်တော်တို့ရဲ့ သောက်သုံးရေ အခက်အခဲကို ဖြေရှင်းရပါတယ်။ ဒီရေကို သောက်သုံး ရသော်လည်းပဲ ရေထဲမှာ ရောဂါပယများရှိတဲ့အတွက် ကျေးရွာသူ/သားများ ကျန်းမာရေးနှင့် ညီညွှတ်မှုမရှိပါဘူး။ ဒါပေမယ့် လည်း ရေရှားပါတဲ့အတွက် ကျေးရွာသူ/သားတွေအနေနဲ့ သောက်သုံးခဲ့ရပါတယ်။ အခုတော့ တစ်ရွာလုံးတင်မက နီးစပ်ရာကျေးရွာတွေကပါ ကျန်းကျန်းမာမာ၊ ဘေးအန္တရာယ်ကင်းကင်း ရှင်းရှင်းဖြစ်တဲ့ သန့်စင်တဲ့ရေနဲ့ သောက်သုံးရေသန့်တွေကို ဖောဖောသီသီ သောက်သုံးနိုင်ပါပြီ” ဟု ကရင်ချောင်းကျေးရွာအုပ်စု၊ ကြို့ပင်ကောက်မြို့နယ်နေ ဒေသခံ ပြည်သူတစ်ဦးဖြစ်သူ ဦးမိုးကျော်မှ ပြောကြားပါသည်။

Grand Royal Group International Co., Ltd မှ မြန်မာနိုင်ငံ၏အကြီးဆုံးအခွန်ထမ်းကြီး(၅) ဦးအနက် တစ်ဦးအဖြစ်သတ်မှတ်ခံရခြင်း

Grand Royal Group International Co., Ltd အနေဖြင့် ယမကာဈေးကွက်အတွင်း ၁၉၉၅ ခုနှစ်မှ စတင်ရပ်တည်လာခဲ့သည်မှာ ဆယ်စုနှစ် (၂) ခုကျော် အထိခိုင်မာစွာတည်ရှိနေပြီလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေဖြင့် နာမည်တစ်လုံးနဲ့ ယုံကြည်ဖွယ်ကောင်းတဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်နေနိုင်ခြင်း၏ အဓိကအကြောင်းအရင်းများမှာ နိုင်ငံတော်အစိုးရမှ ချမှတ်ထားတဲ့ နည်းဥပဒေ၊ စည်းကမ်းချက်တွေအပြင် အလုပ်သမားဥပဒေများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေများကို တစ်သွေမတိမ်းလိုက်နာပြီး အခွန်ကို တာဝန်ကျေပွန်စွာပေးဆောင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ နောက်ထပ် ကျွန်တော်တို့ရဲ့ အောင်မြင်မှု အကြောင်းအရင်းကတော့ ယခုလို ကျွန်တော်တို့ရဲ့ ဝန်ထမ်းများနဲ့ စားသုံးသူများကို အစဉ်အမြဲဂရုစိုက်လျှက်ရှိပြီး ၎င်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အသိအမှတ်ပြုချီးမြှင့်သည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲခြင်းဆိုင်ရာ ဆုတံဆိပ်ကြီးများ ကိုလည်း ရရှိထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းစုများသည် “Being A Good Corporate Citizen” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ တာဝန်သိတတ်ကျေပွန်သော နိုင်ငံံံ့သားကောင်း စီးပွားရေးလုပ်ငန်းအဖြစ် ခိုင်မာစွာ ယုံကြည်လက်ခံထားပါတယ်။

Grand Royal Group International Co.,Ltd အနေဖြင့် နိုင်ငံတော်အစိုးရမှ ထုတ်ပြန် ကြေငြာ လျှက်ရှိတဲ့ အခွန်ထမ်းကြီးများစာရင်းတွင် ထိပ်သီးအခွန်ထမ်း ၅ ဦးအတွင်း အစဉ်အမြဲသတ်မှတ် ဖော်ပြခြင်းခံရလျှက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပေးဆောင်နေတဲ့ အခွန်ငွေတွေဟာ နိုင်ငံတော် အစိုးရရဲ့ အဓိက ဘဏ္ဍာငွေလမ်းကြောင်းတစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိရှိနားလည် ထားပါတယ်။ အခွန်ဘဏ္ဍာငွေကောက်ခံမှုတွေဟာ ပြည်သူတွေရဲ့ လူနေမှုဘဝနဲ့ နိုင်ငံတော်ရဲ့ အနာဂတ်အခြေခံ အဆောက်အဦးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကကျပြီး အကျိုးသက်ရောက်မှုရှိလာ မှာဖြစ်ပါတယ်။

Grand Royal Group အနေဖြင့် ယခု ၂၀၁၈/၁၉ စည်းကြပ်နှစ်အတွက်
(၁) အထူးကုန်စည်ခွန်အများဆုံးပေးဆောင်သော အခွန်ထမ်းများစာရင်း ပုဂ္ဂလိက-
နိုင်ငံခြားကုမ္ပဏီတွင် အဆင့် (၃)၊
(၂) ဝင်ငွေခွန်ပေးဆောင်အများဆုံးပေးဆောင်သော အခွန်ထမ်းများစာရင်း ပုဂ္ဂလိက မြန်မာ ကုမ္ပဏီတွင် အဆင့် (၄) နှင့်
(၃) ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သော အခွန်ထမ်းများစာရင်း ပုဂ္ဂလိက- နိုင်ငံခြားကုမ္ပဏီတွင် အဆင့် (၅) အဖြစ် နိုင်ငံတော်အစိုးရမှ သတ်မှတ်ဖော်ပြခြင်းခံခဲ့ရ ပါတယ်။

“နိုင်ငံတော်အတွက် အခွန်အပြည့်အဝပေးဆောင်ခြင်းဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ လူမှုတာဝန် ကျေပွန်မှု တစ်ရပ်အဖြစ် အလေးအနက်ထားဆောင်ရွက်လျှက်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော် တို့ ဒီနှစ်ထဲမှာဆိုရင် အထူးကုန်စည်အများဆုံးထမ်းဆောင်တဲ့ အခွန်ထမ်းကြီး (၁၀) ဦး စာရင်းမှာ နိုင်ငံတကာ (Joint Venture) အဖျော်ယမကာကုမ္ပဏီများနှင့် ပြည်တွင်း ယမကာကုမ္ပဏီတွေ ပါဝင်နေတာကို အထူးသတိထားမိပါတယ်။ မြန်မာနိုင်ငံရဲ့ အထူးကုန်စည်ခွန်ဥပဒေ နည်းစနစ်တွေက ပိုမိုသင့်လျှော်ပြီး၊ ယုံကြည်အားထားဖို့ ကောင်းတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ အနာဂတ်မှာ နိုင်ငံခြား တိုက်ရိုက်ရင်နှီးမြှပ်နှံမှုတွေကို ဆွဲဆောင်နေတဲ့ အဓိကသော့ချက်တစ်ခုလို့ ယုံကြည်လက်ခံထားပါတယ်။ ဥပမာပြောရရင် ကျွန်တော်တို့ Grand Royal Group သည် Thai Beverage Company နဲ့ အကျိုးတူပူပေါင်းထားသလို၊ Seagram Myanmar ကဲ့သို့ နိုင်ငံတကာကုမ္ပဏီကြီး များကိုလည်း အလားတူရင်းနှီးမြှပ်နှံလာအောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ယခုလက်ရှိ အခွန်စည်းကြပ်တဲ့ နည်းစနစ်ကြောင့် မကြာခင် အချိန်တွင်းမှာ မြန်မာဈေးကွက်ထဲကို အသစ်အသစ်သော နိုင်ငံခြားရင်းနှီးမြှပ်နှံတွေ ဝင်ရောက်လာမယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းထုတ်လုပ်ရောင်းချသူတွေအနေနဲ့ ထုတ်လုပ်မှုနည်းပညာများကို နိုင်ငံတကာ အဆင့်မှီဆောင်ရွက်လာနိုင်ပြီ ဖြစ်ပြီး ယခုဆိုရင်နိုင်ငံတကာအဖွဲ့အအစည်း တွေကနေအသိအမှတ်ပြုတဲ့ အမှတ်တံဆိပ်တွေ၊ ချီးမြှင့်မှုတွေကို ာရယူနိုင်ခဲ့ပြီးဖြစ်ပါသည်။ ဒါကြောင့် ပြည်တွင်းထုတ် ယမကာ ကုန်ပစ္စည်းများသည် တင်သွင်းလာသော နိုင်ငံခြားဖြစ် ကုန်ပစ္စည်းများနဲ့ တန်းတူယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံတကာအဆင့်မှီကုန်ပစ္စည်းတွေဖြစ်လာနေပြီဖြစ် ပါသည်။သို့ပါ၍ ကျွန်တော်တို့ GRG အနေနဲ့ ရင်းနှီးမြှပ်နှံသူအားလုံးရဲ့ ထုတ်ကုန်ပစ္စည်းများဟာ တရားဝင်ထုတ်လုပ်ရောင်းချခွင့် တွေရရှိကြပြီး သတ်မှတ်ထားတဲ့ အခွန်ပမာဏကို တိတိကျကျ ပေးဆောင်ကာ တန်းတူရည်တူ ယှဉ်ပြိုင်မှု “ Level Playing Field” ကို မြင်စေချင်ပါတယ်” ဟု Grand Royal Group ၏ Co-Chairman ဖြစ်သူ ဦးအောင်မိုးကျော်က ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အထူးကုန်စည်ခွန်ဥပဒေမှာ Tiering System အမျိုးမျိုးရှိပြီး အဲဒီစနစ်တွေက မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ယမကာထုတ်ကုန်များနှင့် တစ်ဖက်နိုင်ငံတွေက ရောင်းဝယ် ဖောက်ကားနေကြတဲ့ ယမကာထုတ်ကုန်တွေ အားလုံးအတွက် ခြုံငုံမိတဲ့ စနစ်ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ အထူးကုန်စည်ခွန် စည်းကြပ်တဲ့ Tiering စနစ်တွေ အားလုံးကို တစ်ခုတည်း ပေါင်းလိုက်တဲ့အခါမှာ မှောင်ခိုဈေးကွက်က ပိုမိုကြီးထွားကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။ ဒါဟာ ရင်နှီးမြှပ်နှံသူများနှင့် ပြည်တွင်းထုတ်လုပ်သူ လုပ်ငန်းရှင်များအတွက် အင်မတန် ထိခိုက်နစ်နာပြီး တရားမျှတမှုမရှိပါဘူး။ ဒါ့အပြင် ယခုလက်ရှိ ပြဌာန်းကောက်ခံလျှက်ရှိသည့် အခွန်ဥပဒေမှ အခွန်ဘဏ္ဍာငွေများသည်လည်း ပိုမိုဆုံးရှုံးလာနိုင်ဖွယ်ရှိပြီး၊ ဒီအချက်ဟာဆိုရင် ဈေးကွက်အတွင်း အရည်အသွေးညံ့ဖျင်းတဲ့ ထုတ်ကုန်ပစ္စည်းများ ပိုမိုထွက်ပေါ်လာမည့် အခြေအနေတစ်ခုကို ဖန်တီးနိုင်တဲ့ အလားအလာ ရှိပါတယ်။ ဒီမှောင်ခိုဈေးကွက်ဟာ နို်င်ငံတော် အစိုးရအတွက် အခွန်ဘဏ္ဍာငွေ တစ်ခုတည်းဆုံးရှုံးနစ်နာတာ မဟုတ်ပဲ၊ တစ်ဖက်မှာ FDA ရဲ့ ထောက်ခံချက် မရရှိထားတဲ့ ကုန်ပစ္စည်းအတုအပများကို သတိမထားမိပဲ ဝယ်ယူသုံးစွဲမိတဲ့ စားသုံးသူတွေအတွက် ပိုမိုကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရဖို့ ပိုမိုအလားအလာရှိ ပါတယ်။” ဟု Grand Royal Group ရဲ့ CEO ဖြစ်သူ Mr.Sanjay က ပြောကြားခဲ့ပါတယ်။

GRG အနေဖြင့် ကျွန်တော်တို့နဲ့ တိုက်ရိုက်ဆက်နွယ်နေသူတွေအတွက် လူနေမှုဘဝနဲ့ သဘာဝ ပတ်ဝန်းကျင် အကျိုးအမြတ်တွေအတွက်လည်း လူမှုစောင့်ရှောက်ရေးအစီအစဉ် (CSR) ကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျှက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ “ Clean Water Project” သန့်စင်သောရေစက်တိုင်း၏ အဖိုးတန်မှုဆိုတဲ့ ရေတွင်းတူးဖော်ခြင်း၊ ထာဝရသောက်ရေသန့် ရရှိအောင်ဆောင်ရွက်ပေးတဲ့ လုပ်ငန်း ဟာဆိုရင် ယခုချိန်အထိ လူပေါင်း ၄၀,၀၀၀ ကျော်ခန့်နှင့် အိမ်ခြေပေါင်း ၆၀,၀၀၀ ကျော်ခန့်ကို ရေသန့်ရရှိနိုင်ရန် လုပ်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ ၎င်းသည် ယခုလက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ပြီး သောက်သုံးရေသန့်နှင့် ရေရရှိရန် အင်မတန်ခက်ခဲ နေသည့် မြန်မာနိုင်ငံတဝှမ်းရှိ ဒေသခံပြည်သူများကို ကူညီပေးလျှက်ရှိပါသည်။ ထပ်လောင်းပြောရမည်ဆိုလျှင် ကျွန်တော်တို့ရဲ့ မျက်စိခွဲစိတ်ကုသပေးခြင်း လုပ်ငန်းဟာလည်း မျက်စိဝေဒနာရှင်ပေါင်း ၈၀,၀၀၀ ကျော်ခန့်၏ အမျိုးမျိုးသော ဝေဒနာတွေကို ကုသပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ CSR လုပ်ငန်းများအတွက် အမေရိကန်ကုန်သည်ကြီးများအသင်း (AMCHAM) မှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၉ ခုနှစ် တစ်နှစ်တာလုံးရဲ့ အကောင်းဆုံး CSR လုပ်ငန်းထူးချွန်ဆုဖြင့် အသိအမှတ်ခြင်းခံခဲ့ရသည့်အပြင် ၎င်းဆုကို (၄) နှစ်တိတိ ချီးမြှင့်ခြင်းခံ ခဲ့ရပြီးလည်း ဖြစ်ပါသည်။

ဒါ့ပြင် ကျွန်တော်တို့၏ Grand Royal Whisky ကို နိုင်ငံတကာမှ ယမကာနှင့်ပတ်သက်သည့် Research အဖွဲ့အစည်းဖြစ်သော International Wine and Spirit Research မှ ထုတ်ပြန်သည့် ကမ္ဘာ့အင်အားအကြီးမားဆုံး ယမကာအမှတ်တံဆိပ်(၁၀၀) တွင် အဆင့် (၄၁) အဖြစ်သတ်မှတ်ခြင်း ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် အတွက် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး ယမကာထုတ်ကုန်အမျိုး (၁၀၀) တွင် အဆင့် (၃၈) အဖြစ်သတ်မှတ်ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင်မွေးဖွားပြီး နိုင်ငံတကာမှ ယုံကြည်လေးစားရတဲ့ Grand Royal Whisky Brand သည် အချိန်တိုအတွင်း ကမ္ဘာ့အလယ်မှာ အောင်မြင်မှုရရှိပြီး ယခုကဲ့သို့ အသိအမှတ်ပြုခြင်းခံရခြင်းများသည် ကျွန်တော်တို့၏ အကြီးမားဆုံး သော အောင်မြင်မှုပဲ ဖြစ်ပါတယ်။ Grand Royal Group အနေဖြင့် ၂၀၁၉ – ၂၀၂၀ ခုနှစ်၏ အကောင်းဆုံးအလုပ်ခွင်အဖြစ် အမေရိကန် အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သော The Great Place to Work Institute မှ အကောင်းဆုံးလုပ်ငန်းခွင် “A Great Place Workplace” အဖြစ် အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့တာဖြစ်ပါသည်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း (၆၀) ကျော်ရှိ အဖွဲ့အစည်း (၁၀,၀၀၀) တွင် အကောင်းဆုံးလုပ်ငန်းခွင် Gold Standard အဖြစ် အသိအမှတ်ပြုခံရခြင်းပဲဖြစ်ပါသည်။ ကျွန်ပ်တို့၏ ရည်ရွယ်ချက်သည် မြန်မာအလုပ်သမားများ အတွက် မြင့်မားသောယုံကြည်မှု (High-Trust) နှင့် စွမ်းဆောင်ရည်မြင့်မားသောယဉ်ကျေးမှု (High Performance Culture) တို့ တည်ဆောက်ရန် ဖြစ်ပါသည်။
Myanmar Employer Awards 2019 ဆုပေးချီးမြှင့်သည့် အခမ်းအနားတွင်လည်း
• Best use of internal marketing for company pride (Bronze)
• Best career advancement programme (Bronze)
• Best learning and development programme (Silver)နှင့်
• Most innovative use of technology in HR (Silver) စသည့် ဆု (၄) ဆုဖြစ် ထပ်မံ
အသိအမှတ်ပြု ချီးမြှင့်ခံခဲ့ရပြီး၊ World HRD Congress မှလည်း “Dream Employer of the year 2019” ဆုဖြစ် အသိအမှတ်ပြု ချီးမြှင့်ခံခဲ့ရပြီးဖြစ်ပါသည်။