Grand Royal Group International ကုမ္ပဏီလီမိတက်အကြောင်း

ကနဦးအစတွင် International Beverage Trading Company (IBTC) နှင့် Myanmar Distillery Company (MDC) ဟု သိရှိထားကြသော၊ Grand Royal Group International (GRGI) ကုမ္ပဏီလီမိတက်၊ ကို ၁၉၉၅ ခုနှစ်တွင် မြန်မာအမျိုးသားများ က အရည်အသွေးအပေါ်တွင် အထူးအလေးထားမှုများဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ရင်းနှီးမြှပ်နှံမှုကုမ္ပဏီဖြစ်သည့် Texas Pacific Group (TPG) က Myanmar Distillery Company (MDC) ၏ အစုရှယ်ယာ ၅၀% ကို ဝယ်ယူခဲ့ပြီးနောက်၊ ၂၀၁၇ ခုနှစ်တွင် Thai Beverage Public ကုမ္ပဏီလီမိတက်က Myanmar Distillery Company (MDC) ၏ အစုရှယ်ယာ ၇၅% ကို လွှဲပြောင်း ဝယ်ယူခဲ့ပါသည်။ GRGI သည် နိုင်ငံတကာအသိအမှတ်ပြု ဆုတံဆိပ်များစွာကို ဆွတ်ခူးရရှိထားခြင်းနှင့်အတူ စားသုံးသူများအကြား အရည်အသွေး ကောင်းမွန်မှုကို ဆောင်ကြဉ်းပြီး၊ ဂုဏ်သတင်းကြီးသည့် “Grand Royal” ကုန်အမှတ်တံဆိပ်အဖြစ်၊ ယမကာစျေးကွက်တွင် ထိပ်တန်းနေရာတွင် ဦးဆောင် ရပ်တည်လျှက်ရှိပါသည်။

GRGI သည်ထိပ်တန်းအဖွဲ့အစည်းဆိုင်ရာစီမံအုပ်ချုပ်မှုစနစ်ကိုအထူးဂရုပြုကျင့်သုံးလျှက်ရှိပြီး၊ ရည်ရွယ်ချက်မှာ မိမိတို့လုပ်ငန်းနှင့်ဆက်နွှယ်နေသော သူများ၏ အကျိုးစီးပွားကို ဟန်ချက်ညီမှုရှိစေရန် ဖြစ်သည်။ မိမိတို့အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး၊ ယုံကြည်စိတ်ချရသော တာဝန်ကျေပွန်သည့် နိုင်ငံ့ သားကောင်း ကုမ္ပဏီ ဖြစ်စေရန်နှင့် သဘာဝပတ်ဝန်းကျင်အရေးကိစ္စများကိုပါထည့်သွင်းစဉ်းစားပြီး၊ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများကိုလည်း၊ အထောက်အကူပြုနိုင်ရန် အစဉ်အမြဲ ကြိုးစားလျှက် ရှိပါသည်။ ထို့အတွက် သဘာဝပတ်ဝန်းကျင်စောင့်ရှောက်မှုနှင့်သက်ဆိုင်သော အသိအမှတ်ပြုလက်မှတ် (Environmental Management System 14001:2004) ကို မြန်မာနိုင်ငံယမကာထုတ်လုပ်သည့် လုပ်ငန်း လောကတွင် ပထမဦးဆုံး အနေဖြင့် ရရှိထားပါသည်။

GRGI သည် ဝန်ထမ်းအင်အား ၂,၀၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားပြီး၊ နောက်ဆုံးပေါ် စီးပွားရေး အတတ်ပညာ လုပ်ထုံး လုပ်နည်းများကို ကျင့်သုံးစေခြင်းဖြင့်၊ တိုးတက်မှုအခွင့်အလမ်းများ ဆောင်ကြဉ်းလျက်ရှိရာ၊ Enterprise Resource Planning (ERP) စနစ်ကို အသုံးပြုခြင်းဖြင့်လည်း စားသုံးသူတို့၏ မျှော်လင့်ချက်ဖြစ်သော အရည်အသွေးမြင့် ထုတ်ကုန်များကို နောက်ဆုံးပေါ်ခေတ်မှီနည်းစနစ်များ အသုံးပြုကာ၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်ရုံများတွင် အရည်အသွေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှု နည်းစနစ်များ Quality Management System (QMS) အတိုင်း အစဉ်အမြဲလိုက်နာကျင့်သုံးကာ ထုတ်လုပ်လျက်ရှိပါသည်။ ထို့အပြင်၊ GRGI သည် ကမ္ဘာ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုညီလာခံက ပေးအပ်ချီးမြှင့်သော Dream Employer of The Year 2017 ၊ Best Employer of the Year 2017 နှင့် Dream Employer of The Year 2019 စသည့် အကောင်းဆုံး လုပ်ငန်းရှင်/ပညာရှင်ထူးချွန်ဆုများကိုလည်း လက်ခံရရှိခဲ့ပါသည်။ ပြည်တွင်းတွင်လည်း JobNet Myanmar က ဦးစီးကျင်းပသော Myanmar Employer Awards ဆုပေးပွဲတွင် ဆုအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြစ် ဆုတံဆိပ်များစွာကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့အတွက် ဆွတ်ခူးရရှိထားပါသည်။ အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော Great Place to Work Institute ကလည်း ၂၀၁၉ ခုနှစ် နှင့် ၂၀၂၁ ခုနှစ်တို့အတွက် GRGI ကို အကောင်းဆုံးလုပ်ငန်းခွင် “A Great Workplace” အဖြစ် အသိအမှတ်ပြုထားပါသည်။ American Chamber of Commerce in Myanmar ကလည်း GRGI ၏ လူမှုအကျိုးပြုလုပ်ငန်းများ (CSR) ကို အသိအမှတ်ပြုသည့်အနေနှင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်ဆက်တိုက်၊ “ပထမတန်း ရွှေအဆင့်” ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။