World HRD Congress recognizes Grand Royal Group as Dream Employer of the Year in 2019

August 29, 2019

Grand Royal Group သည် ယမကာထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် ၁၉၉၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင် (၂၀) ကျော်ရှိပြီး ဖြစ်ပါသည်။ ကျွန်တော်တို့ အနေဖြင့် ဂုဏ်သရေရှိပြီး ယုံကြည်ဖွယ်ကောင်း သော အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံ ပြည်သူလူထု၊ စားသုံးသူများနှင့် ကျွန်တော်တို့၏အလုပ်သမားများအတွက် တည်ရှိနေသည်ကို ဂုဏ်ယူဝမ်းမြောက်မိ ပါသည်။ ကျွန်တော်တို့၏ ဖောက်သည်များ ၊ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ပြည်သူလူထုများသည် ကျွန်တော်တို့၏ ပထမဦးစားပေးအဆင့်တွင် အမြဲတမ်းပါဝင်လျှက်ရှိပြီး ကျွန်တော်တို့၏ အသက် သွေးကြောအဖြစ် အမြဲတန်ဖိုးထားလျှက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ၊ ၁၅ ရက်နေ့ စင်ကာပူနိုင်ငံရှိ Pan Pacific Hotel တွင် World HRD Congress မှ ကြီးမှူးကျင်းပသော လုပ်ငန်းရှင်၊ပညာရှင်ထူးချွန်ဆုပေးအပ်ချီးမြှင့်သည့် အခမ်းအနားတွင် “Dream Employer Of The Year 2019” ဆုကို ကျွန်တော်တို့ Grand Royal Group မှ ဆွတ်ခူးရရှိခဲ့ပါသည်။

ဆုရရှိသောခဲ့သော ကုမ္ပဏီများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းအားကောင်းခြင်း၊ အလုပ်နှင့် လက်တွေ့ဘဝညီမျှသော ပေါ်လစီများကို ကျင့်သုံးခြင်း၊ တရားမျှတမှုရှိသော ဆုပေးခြင်းနှင့် အသိ အမှတ်ပြုခြင်းများ စသည့် အရည်အသွေးပြည့်မီသော လူ့စွမ်းအာအရင်းမြစ်ဆိုင်ရာ အချက်များ ကို အဓိကအခြေခံပြီး ရွေးချယ်ပေးအပ်ခြင်းဖြစ်ပါသည်။

Grand Royal Group သည် စီးပွားရေးလုပ်ငန်း၏ လူ့စွမ်းအားအရင်းအမြစ်ရှုထောင့်အပေါ်တွင် တက်ကြွလိုလားစွာ လှုပ်ရှားပါဝင်ခြင်းကို ဦးစားပေး ရှေ့တန်းတင်လျှက်ရှိပြီး၊ ၎င်းအချက်ကြောင့် ဤဆုကို လက်ခံရရှိခြင်းဖြစ်ပါသည်။

Grand Royal Group သည် ယဉ်ကျေးမှုပေါင်းစုံ ၊ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး ကျွန်တော်တို့ ဝန်ထမ်းများအနေဖြင့် တိုးတက် အောင်မြင်မှု အလားလာ အပြည့်အဝရှိသော အခွင့်အရေးများရရှိကြ ပါသည်။ ထိုကဲ့သို့ ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းတစ်ခု တည်ဆောက်ရန် အကောင်းဆုံး လုပ်ငန်းခွင်

တစ်ခုဖြစ်ခြင်းကြောင့် World HRD Congress မှ ဤ ဂုဏ်ပြုဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

World HRD Congress recognizes Grand Royal Group as Dream Employer of the Year as well as Best Employer in 2019 English Version